ပိန်ခြင်းကိုဂုဏ်ယူလိုက်ပါ
                                             ******************
*********
"ပိန်လို့လှတယ်မရှိဘူဝလို့လှတယ်ပဲရှိတယ်" ဆိုသောစကားအရလည်းကောင်း"ယဉ်ကျေးပိန်သေး" ဟူသောစကားအရလည်းကောင်း ဝ သောသူများသည် အလှအပကို မက်မော၍ င်္ိပိန်သောသူများသည် ယဉ်ကျေးသူများဖြစ်ကြောင်း ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ခြင်း……:P

"ပိန်လို့လှတယ်မရှိဘူး"ဟု တဖွဖွပြောနေကြသော ဝတုတ်များကိုယ်တိုင် ပိန်သောသူများကိုတိတ်တဆိတ်အားကျနေရတတ်ခြင်း …တစ်ချို့သူများ(အထူးသဖြင့်ဝသောအမျိုးသမီးများ') ဆိုလျှင် ညစာလျှော့စား၍ သော်လည်းကောင်း …လေ့ကျင့်ခန်း ပြုလုပ်၍ သော်လည်းကောင်း ပိန်အောင်
ပြုလုပ်ကြရရှာခြင်း……။

"ဖက်တီး , ဝတုတ် , ဝက် " စသော အမည်ပြောင်များမှကင်းလွတ်ခွင့်ရခြင်း ……။

ဆိုက်ကားစီးသောအခါတွင်လည်းကောင်း ဆိုင်ကယ်စီးသောအခါတွင်လည်းကောင်း လူကြပ်သော ဘတ်စ်ကားများပေါ်တွင်လည်းကောင်း မိမိ၏ အလေးချိန်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခြင်း……။

အိမ်သာမှာနေချင်တယ် (အဲလေ) အင်တာနေရှင်နယ်ရှိ မော်ဒယ်လ် အများစုတို့သည်လည်းကောင်း ကိုးရီးယားသူ လှပျိုဖြူလေးများသည်လည်းကောင်း သွယ်လျလျ လေးများ သာ ဖြစ်နေခြင်း……။

အဝလွန်နေသော ခန္ဓာကိုယ်ထက် ကျစ်လျစ်သွယ်လျသော ခန္ဓာကိုယ်လေးက ပိုမိုကျန်းမာလှပခြင်း……။

လှပသော ကိုယ်ကျပ်အကျီင်္များ ဂါဝန်ကလေးလှလှလေးများသည်လည်းကောင်း ဖိနပ်သေးသွယ်သွယ်လေးများသည်လည်းကောင်း ပိန်ပိန်သွယ်သွယ်လေးများဝတ်လျှင် ထုပ်ကြပ်မနေပဲပေါ့ပါးလှပခြင်း……

slim body နှင့် Pig body ယှဉ်လိုက်ပါက slim body ကိုသာ ကောင်လေးအများစုက နှစ်သက်ကြခြင်း ……:P

ထို့ကြောင်

ပိန်ပိန်သေးသေး ပိစိကွေးမို့
တွေးကာမနေ စိတ်မလေနှင့်…။

သွယ်သွယ်လျလျှင် စိတ်တွင်တွေးထား
ငါလိုလူသား ရှာမှရှားဟု
တုပ မပြိုင် ဘယ်မနိုင်ခက်…

စိတ်ဓာတ်မကျ ပျော်ရွှင်ကြစေ ……
အတွေးတွေ ရွှင်မြူး
ကြည်နူးနိုင်စေ……
တောင်းဆုခြွေသည် ……
ပိန်ပိန်လေးတွေ အတွက်တည်း………:P ။ ။

WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Title -၄၀ကီလိုဂရမ်အတွက်ဖြေသိမ့်ခြင်း:P

Post a Comment

0 Comments