ချစ်သူဟာ သင်္ချာ နဲ့တူတယ်
ဘယ်တော့မှရိုးမသွားတဲ့နည်းလမ်းတွေနဲ့
လူကိုစွဲလမ်း စေတတ်တယ်……

ချစ်သူဟာ ကဗျာ ဆရာနဲ့တူတယ် …
ဘယ်တော့ မှမကုန်ဆုံးနိုင်တဲ့ ကာရန်တွေ
သူ့ဂရုတစိုက်မြတ်နိုးခြင်းတွေလက်အောက်မှာ ရှင်သန်စေတတ်တယ် ……။

ချစ်သူဟာ နံနက်ခင်းနှင်းဆီပန်းနဲ့ တူတယ်
အမြဲတမ်း သူ့ချစ်ခြင်းမေတ္တာ တွေနဲ့
ဆွတ်ပျံ့လန်းဆန်း နေစေတတ်တယ်……။

ချစ်သူဟာ စာကြည့်တိုက်ကလေးနဲ့တူတယ်
မရိုးနိုင်တဲ့ စာအုပ်တွေကိုဖန်ဆင်းပေးနိုင်တဲ့ သူကိုယ်တိုင်က …
စိတ်ဝင်စားဖွယ်ရာ ကိုယ့်ရဲ့ သုတကမ္ဘာငယ်လေး ဖြစ်တယ် ……။

သင်္ချာ တွေတွက်…
စာတွေဖတ် …
ကဗျာမက်ပြီး …
နှင်းဆီတွေကို မြတ်နိုးတဲ့သူတစ်ယောက်အတွက်……

ချစ်သူအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် ……။

ကော်ဖီတစ်ခွက်…
သင်္ချာပုစ္ဆာ မခက်တခက် ……
စာအုပ်အားဆေး တစ်စက်…
ချစ်သူ့ အပြုံး ချိုလက်လက်…
ပန်းရောင်နှင်းဆီရနံ့ သင်းပျံ့ပျံ့ ……

အိုကေ……

ဘာကိုမှ……

မမက်တော့ဘူး ……:) ...

Genuine love wants what is the best for the other!

WHP (ချစ်သူ့တမ်းချင်း)

Post a Comment

0 Comments