တိတ်ဆိတ်ခြင်းကို "မာန" …
လို့ ခေါင်းစဉ်တပ်ရင်တပ်…
အဲ့ဒါကိုယ့်ပျော်ဝင်ခြင်းရဲ့
သတ်မှတ်ချက် ……။
ကိုယ့်စာတွေ ကိုယ်တွေး တယ်
ကိုယ့်ကဗျာ ကိုယ်ရေးတယ်
အေးအေးဆေးဆေးနေတယ်……။
ခြွင်းချက်မှာ
ချစ်သူကလွဲလို့
ကျန်တဲ့အရာ မပါ ……
"စာတွေကို အချစ်ဆုံးပါ .." လို့လည်း
ကိုယ့်ကိုယ်ကို မညာခဲ့ပါဘူး ……။
"ရွှေဥဒေါင်း" လိုသွေးမျိုး …လို့တော့
မတန်မရာမပြောပါဘူး ……
ဘယ်သူ့ ဖြစ်ဖြစ် နှုတ်ဆက်တတ်ပေမယ့်
နယူတန်ရဲ့ နိယာမကို လက်ကိုင်ပြု
လို့ ခေါင်းစဉ်တပ်ရင်တပ်…
အဲ့ဒါကိုယ့်ပျော်ဝင်ခြင်းရဲ့
သတ်မှတ်ချက် ……။
ကိုယ့်စာတွေ ကိုယ်တွေး တယ်
ကိုယ့်ကဗျာ ကိုယ်ရေးတယ်
အေးအေးဆေးဆေးနေတယ်……။
ခြွင်းချက်မှာ
ချစ်သူကလွဲလို့
ကျန်တဲ့အရာ မပါ ……
"စာတွေကို အချစ်ဆုံးပါ .." လို့လည်း
ကိုယ့်ကိုယ်ကို မညာခဲ့ပါဘူး ……။
"ရွှေဥဒေါင်း" လိုသွေးမျိုး …လို့တော့
မတန်မရာမပြောပါဘူး ……
ဘယ်သူ့ ဖြစ်ဖြစ် နှုတ်ဆက်တတ်ပေမယ့်
နယူတန်ရဲ့ နိယာမကို လက်ကိုင်ပြု
(မှတ်ထားလိုက်)
ကိုယ် "မမိုက်ဘူး " လို့
သတ်မှတ်တဲ့သူဆိုရင် ………
ကြိုက်တဲ့အရပ်ကို မျက်နှာမူ
"ဝတ်မှုံဖြူ' လို့ အော်ချင်အော်……
ကိုယ်ခေါ်ချင်မှ ခေါ်လိမ့်မယ် …။
"အချစ်" ဆိုတာကို
ဘုရားပွဲဈေးတန်းက ပစ်တိုင်းထောင်ရုပ်လို
ဖြစ်ကတတ်ဆန်း ပစ်ချတတ်တဲ့သူမျိုးမဟုတ်……။
"ခင်မင်မှု" ဆိုတာကို
စကားလုံးတွေကို အသက်သွင်းပြီး
လေထဲမှာတင်ဖန်တီးတတ်သူမျိုးမဟုတ်……။
သံယောဇဉ်ဆိုတာကို ……
နှင်းဆီပန်းရဲ့ ပွင့်ဖတ်လေးတွေကို
နူးနူးညံ့ညံ့ မြတ်နိုးသလို ခံစားချင်တာမျိုး……။
တစ်ခါတစ်လေတော့ အေးအေးဆေးဆေးနဲ့ ဝမ်းနည်းခြင်းတွေ တဖြုတ်ဖြုတ်ကြွေ………
ကံတွေလည်း ……ခေ……လို့ ……။
အထာမကျ မှုကို
အတိုင်းအတာ တစ်ခုအထိ ခါချ တတ်တယ် ……
ခဝါချ…
ပုံအပ်…
ဘယ်သူ့မှတော့ …မယုံတတ်ဘူး ……။
စာလုံးတွေနဲ့ ချိန်းတွေ့ချိန်မှာတော့သည်းခံ
နှောင့်ယှက် ……
ဖြိုခွဲ …ံ ……
လှဲဖြိုသူက …ကိုယ့်ရဲ့ရန်……။
မဒမ်ကျူရီစွဲနေတဲ့ ဘိန်းအမျိုးအစားကိုလေးစားအားကျနေတဲ့
ဘဝတူဆေးသမား …
ကဲ……
မှားချင်လည်းမှား……။
တိတ်ဆိတ်ခြင်း ဆိုတာကို
"မာန" လို့ခေါင်းစဉ်တပ်ချင်လည်းတပ်…
အဲ့ဒါ …
ကိုယ့်ပျော်ဝင်တည် ရှိနေခြင်းရဲ့
အဓိပ္ပါယ် သတ်မှတ်ချက်………။
(ပုံလေးဘာလေးတင်ကြည့်တာ :P)



0 Comments