"ယုဂန်ပိုင် ရှင်သိကြား" …မှစ၍ တွေးမိသည်များ …

ကုန်းဘောင်ခေတ် စာဆို ဦးယာ ရဲ့ တပေါင်းညှာကျင်ကဗျာမှာပါတဲ့ ယုဂန်ပိုင် ရှင်သိကြားတို့ မာန်ထားရင်းလေ" ဆိုတာရဲ့အဓိပ္ပါယ်ဟာ……

၁။ ယုဂန္ဓိုတောင်ပိုင်ရှင် သိကြားမင်းကမာန်တင်း ဖန်ဆင်းထားလို့ပဲ …ဒီလောက်လွမ်းနေရတာလား……။

၂။ ဒါမှမဟုတ်ယုဂန္ဓိုတောင်ပိုင်ရှင် သိကြားမင်းတောင်မှ မာန်တင်းရလောက်အောင် လွမ်းဆွတ်ဖွယ်ကောင်းနေတာလား……။

၃။ အချို့တွေကလည်း အသုရာနဲ့သိကြား စစ်တွေဖြစ်လို့ မာန်မာနတွေနဲ့ကောင်းကင်မှာ မိုးရိပ်တွေဆင် စစ်သံ
တွေပေးတယ်လို့ပြောကြသေးတယ်…။

မြန်မာစာဂျာနယ် တစ်ခုမှာကကျတော့ "ဆိုလိုရင်းအမှန်ဟာ ကဗျာရေးခဲ့တဲ့ဆိုတစ်ဦးပဲသိမှာပါ။ ဒါပေမယ့် စာကို ကဗျာကို လေ့လာတဲ့သူတွေက သူတို့ရဲ့အခံ သူတို့ရဲ့ လေ့လာမှုအရ အမြင်အမျိုးမျိုးရှိတတ်ကြပါတယ်။ဒါဟာလည်း သဘာဝပါ ဒီလို အမြင်အမျိုးမျိုးရှိမှလည်း အဲ့ဒီစာပေ ဟာ ပိုမိုတိုးတက်စမြဲဖြစ်တယ်ဆိုတာ ကမ္ဘာ့ စာပေမှာ ဖြစ်ဖြစ် မြန်မာ့ စာပေမှာပဲ ဖြစ်ဖြစ် လေ့လာကြည့်ရင် တွေ့ရပါလိမ့်မယ်…" လို့ပြန်ဖြေပေးထားပါတယ်။


ကဗျာဖတ်ရင်း ကျယ်ပြောလှတဲ့မြန်မာစာရဲ့သဘောတရားအထူးသဖြင့် ကဗျာရဲ့ ဆန်းကြယ်စွာ ညှို့ယူဖမ်းစားနိုင်မှုတွေကို တွေးလေ အံ့သြလေ ဖြစ်နေခဲ့မိပါတယ်…။

တကယ်တော့ မြန်မာစာ ဆိုတာ မြတ်နိုးဖွယ်ရာ အဖိုးထိုက်တန်တဲ့စာပေတစ်ခုပါ။ လေ့လာရင် လေ့လာ သလောက်နက်ရှိုင်းသိမ်မွေ့တယ်ဆိုတာ သေချာလေ့လာ ဖူးသူတိုင်း သိကြမှာပါပဲ။

မြန်မာ ကဗျာတွေဟာ ပနိးပွင့်ပေါင်းများစွာကို ပွင့်ဖူးပေးနိုင်တဲ့ပနးပင်ကြီးနဲ့တောင်တူပါတယ်။ ကဗျာဆရာက ခံစားချက်တစ်ခုကိုထည့်ရေးလိုက်မယ်။ဖတ်တဲ့သူက သူဖြတ်ကျော်လာရတဲ့ အတွေ့အကြုံ နေရာဒေသ တွေကို လိုက်ပြီး သူ့ခံစားချက်တွေနဲ့ ဘာသာပြန်မယ်။ မြန်မာ စာ ဟာ ဥယျာဉ်ကြီး တစ်ခုနဲ့တူတယ် ဆိုရင် မြန်မာ ကဗျာတွေဟာ ဥယျာဉ်ကြီးထဲက ပန်းရောင်စုံပေါ့င်းများစွာကို ပွင့်လန်းစေနိုင်တဲ့ ရောင် စုံ ပန်းပွင့်ပိုင်ရှင် သစ်ပင်ကြီးတွေနဲ့တူတယ်လို့ ခံစားမိပါတယ်။

ဒါပေမယ့် တော်တော်တော်များများဟာ မြန်မာစာ ဆိုရင် နှာခေါင်းရှုံ့ကြ "အလကားပါကွာ…" ဆိုတာတွေ များလာကြတယ်။ မကျက်ပဲနဲ့တောင်ရွှီးတာနဲ့ရတယ်ဆိုပြီး ပေါ့ပျက်ပျက်ဖြစ်လာကြတယ်။

တကယ်တော့ကျွန်မတို့စာပေပါ။ကျွန်မတို့ယဉ်ကျေးမှုတွေ အားလုံးကို အဲ့ဒီမြန်မာစာက အစပြုပြီး ထိန်းသိမ်းရမှာ စောင့်ရှောက်ရမှာ။ကျက်လို့က လွယ်ပါတယ်။မြတ်နိုးဖို့ နှစ်သက်တတ်ဖို့ ဆိုတာကတော့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲခံစားချက် မပါရင် ခက်ခဲသွားပါပြီ ။

ကျွန်မ က မြန်မာစာနဲ့ဘွဲ့ရထားတဲ့သူ တစ်ယောက် မဟုတ်သလို မြန်မာကဗျာနဲ့ပတ်သက်ပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက် နားလည်တဲ့သူ မဟုတ်ပါဘူး။ဒါပေမယ့် ကျွန်မ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ချစ်သလိုပဲ မြန်မာကဗျာကို နှစ်သက်တယ်။ကဗျာစာလုံးလေးတွေထဲမှာ စာဆိုရဲ့ နင့်ရှိုင်းသိပ်သည်းတဲ့ ခံစားချက်တွေကို စူးစူးစမ်းစမ်း ရှာဖွေရတာကို မက်မောမိတယ်။မြန်မာကဗျာတွေထဲမှာတွေ့နိုင်တဲ့ ကျွန်မတို့ရဲ့ယဉ်ကျေးမှုဓလေ့စရိုက်တွေကိုမြတ်နိုးတယ်။မြန်မာကဗျာက ပေးစွမ်းနိုင်တဲ့ အံ့သြ ဖွယ်ရာ ရသ တွေ ဗဟုသုတ တွေထဲမှာ အဆုံးအစမရှိစီးမျောပျော်ဝင်နေချင်မိပါတော့တယ်……။
...

ဝတ်မှုံလေး၏ စာအိမ်ငယ်

Post a Comment

0 Comments