လရာသီများ
*********
ဇန်နဝါရီ အလွန်အေးတာ
အဖော်မဲ့လို့ စိတ်ညစ်စရာ…။
ဖေဖော်ဝါရီရောက်ပြန်တော့
အရမ်းစွတ်စိုပေါ့…။
မတ်လအတွင်းမှာ လေများဟာ
လှည့်လည်ကာသွားလာ…။
အရာခပ်သိမ်း အကုန်ပြောင်းလဲ
ဧပရယ်လလေးပဲ……။
မေ ရဲ့ပန်းကို ရည်စူးတယ်
ငှက်တေး သီကျူးခြယ် …။
နေတွေသာတဲ့ဒီဇွန်လ
နေ့တာရှည်တယ်ဗျ…။
ပူလောင်ပြင်းပြ ဂျူလိုင်မှာ
မုန်တိုင်းတိမ်တိုက် ဝဲပျံလာ……။
သာယာမှုကို လှဲဖြိုခဲ့…
လျှပ်စီးသံကြီးနဲ့……။
ပြောင်းဖူးပေါတာ သြဂုတ်ပါ
သစ်သီးတွေက စက်တင်ဘာ……။
အောက်တိုဘာက ကြမ်းတမ်းလှ
ကမ္ဘာ့ ဝတ်ရုံကို ချွတ်ခွာချ။
အေးခဲလှတဲ့ နိုဝင်ဘာ
ညတာရှည်လှတာ……။
အအေးဓာတ်ကပိုပိုကဲ
ဒီဇင်ဘာလပဲ……………။
ခရစ္စတီနာ ရို့ဆက်တီး
Translated by WHP
*********
ဇန်နဝါရီ အလွန်အေးတာ
အဖော်မဲ့လို့ စိတ်ညစ်စရာ…။
ဖေဖော်ဝါရီရောက်ပြန်တော့
အရမ်းစွတ်စိုပေါ့…။
မတ်လအတွင်းမှာ လေများဟာ
လှည့်လည်ကာသွားလာ…။
အရာခပ်သိမ်း အကုန်ပြောင်းလဲ
ဧပရယ်လလေးပဲ……။
မေ ရဲ့ပန်းကို ရည်စူးတယ်
ငှက်တေး သီကျူးခြယ် …။
နေတွေသာတဲ့ဒီဇွန်လ
နေ့တာရှည်တယ်ဗျ…။
ပူလောင်ပြင်းပြ ဂျူလိုင်မှာ
မုန်တိုင်းတိမ်တိုက် ဝဲပျံလာ……။
သာယာမှုကို လှဲဖြိုခဲ့…
လျှပ်စီးသံကြီးနဲ့……။
ပြောင်းဖူးပေါတာ သြဂုတ်ပါ
သစ်သီးတွေက စက်တင်ဘာ……။
အောက်တိုဘာက ကြမ်းတမ်းလှ
ကမ္ဘာ့ ဝတ်ရုံကို ချွတ်ခွာချ။
အေးခဲလှတဲ့ နိုဝင်ဘာ
ညတာရှည်လှတာ……။
အအေးဓာတ်ကပိုပိုကဲ
ဒီဇင်ဘာလပဲ……………။
ခရစ္စတီနာ ရို့ဆက်တီး
Translated by WHP



0 Comments