Bismuth subcarbonate or subnitrate

Bismuth subcarbonate or subnitrate ဆိုတဲ့ဆေးအကြောင်းမေးလာလို့သိသမျှ မျှဝေပေးလိုက်ပါတယ်…။

အဓိက က တော့ ဝမ်းသွားတဲ့သူတွေမှာပေးလေ့ရှိတယ်ထင်ပါတယ်။

ဝမ်းပိတ်ဆေး အမျိုးအစားက သုံးမျိုးရှိမယ်ထင်ပါတယ်(မေ့နေလို့ထင်ပါတယ် ……ထင်ပါတယ် ပြောရတာ ဟီး :P)

၁။ပဋိဇီဝ ဆေးတွေ ဥပမာ tetracycline တို့ sulphonamides တို့ လို ဆေးမျိုးတွေပေါ့ …ရောဂါဖြစ်စေတဲ့ ပိုးကို တိုက်ရိုက်သွားတိုက်ခိုက်တဲ့ကောင်တွေပေါ့ …။(specifi agent တွေလို့ခေါ်ပါတယ်…)

၂။ရောဂါလက္ခဏာ(ဝမ်းသွားတာကို ) ပျောက်အောင် လုပ်ပေးတဲ့ဆေးတွေပေါ့ …။ရောဂါဖြစ်စေတဲ့ပိုးကို မဟုတ်ပဲ ရောဂါလက္ခဏာကို သက်သာအောင် တစ်နည်းအားဖြင့် ဝမ်းမသွားအောင် လုပ်ပေးလို့ အပေါ်က တစ်ခုနဲ့ဆန့်ကျင်ဖက် non specific agent လို့ခေါ်ပါတယ်။ ဒီဒုတိယ အမျိုးအစားကိုမှသုံးခုထပ်ခွဲပါတယ်…။Bismuth subcarbonate ဟာ အဲ့ဒီအခွဲသုံးခုထဲက ပထမ အမျိုးအစားပါ…။

(၃) bacterial flora (ကောင်းကျိုးပေးတဲ့ပိုးမွှားတွေလို့ခေါ်မယ်ထင်တယ်) အဲ့ဒါတွေကိုပုံမှန်ပြန်ဖြစ်စေတဲ့ဆေးတွေပါ …
( ဥပမာ Yoghurt တို့ Antibio တို့ Bioflor တို့လိုမျိုးတွေ )

နွံပါတ် နှစ်ရဲ့ ပထမအခွဲအမျိုးအစားတွေထဲကတစ်ခုဖြစ်တဲ့
Bismuth subcarbonate ဟာ အူလမ်းကြောင်းက အဆိပ်ရှိတဲ့ အရာတွေကိုဆွဲကပ်ယူပေးလို့ သူ့ကို 'adsorbent' လို့လည်းခေါ်ပါတယ်…။ ဒါ့အပြင် Bismuth subcarbonate တွေဟာ အူလမ်းကြောင်းမှာရှိတဲ့အရာတွေရဲ့ viscosity (စေးပျစ်မှုနှုန်းလို့ပြောမယ်ထင်တယ်) အဲ့ဒါကိုလည်းမြှင့်ပေးပါတယ်……။
အူလမ်းကြောင်းကို အလွှာ တစ်ထပ် အနေနဲ့လည်း ကာကွယ်ပါတယ်။

ဒုတိယ အခွဲ တစ်ခုကတော့ opiate derivatives တွေဖြစ်ပြီး တတိယအခွဲကတော့ atropine တို့ hyoscine တို့ လို anticolinergics တွေဖြစ်ပါတယ် ……။

ဒါကြောင့် Bismuth subcarbonte တွေဟာ ဝမ်းသွားတဲ့သူတွေကို ပေးလေ့ရှိတဲ့ antidiarrhoel drugs တွေထဲကမှ ရောဂါ လက္ခဏာသက်သာအောင်ပေးတဲ့ ဆေးတစ်ခုဖြစ်ပါကြောင်း……။

ဒီထက်ပိုပြီး information ပေးနိုင်တဲ့သူငယ်ချင်းတွေကိုလည်း ဗဟုသုတ အဖြစ် ကိုယ်သိသမျှ မျှဝေပေးဖို့ အကူအညီတောင်းခံအပ်ပါတယ်……

Post a Comment

0 Comments