ကိုယ်နှစ်သက်တဲ့ပန်းရောင် နှင်းဆီတို့စုဝေးရာ ဥယျာဉ်ကလေး……

ကိုယ်ရေးခြယ်တဲ့ ကဗျာ အစုအဝေးကို
နှစ်နှစ်ကာကာ အားပေးတဲ့
တစ်ဦးတည်းသော အမာခံပရိတ်သတ်……

ကိုယ့်အလုပ်တွေ များနေတဲ့အခါ
စိတ်မရှုပ်အောင် အမြဲ အားပေးရှာသူ……

ကိုယ့် စာသင်ချိန်တွေ ဆက် နေတဲ့အခါ
ကိုယ်ကျောင်းသား အသစ်တွေ လက်ခံတဲ့အခါ ……
ပင်ပန်း နေမှာ အမြဲ စိုးရိမ်ပြီး
စိတ်ဆိုး ချင်ယောင် ဆောင်တတ်သူ ………။

စာတွေနဲ့  အမြဲမအားလပ်တဲ့ကြားက ကိုယ့်အတွက်
ဗဟု သု တ ဖြစ်ဖွယ်ရာကလေးတွေကို
ဖတ်ဖို့ အမြဲ ပို့ပေးတဲ့သူ……။

နားလည်မှု …
ချစ်ခင်မှု …
နွေးထွေးလုံခြုံ မှုတို့နဲ့အတူ…

ကိုယ့် ဘေးမှာ အမြဲ အားပေးနေတဲ့
ကြယ်တစ်စင်း
ကိုယ့်ဘဝရဲ့ လေပြေညင်း……
ပျော်ရွှင်ခြင်းတွေ ဖနိဆင်းပေးတတ်သူ……

ဘဝဟာ…ည တစ် ခု ဆိုရင်
ချစ်သူဟာ ……
တစ်စင်းတည်းသောလမင်း……
ပြိုင်ဖက် မရှိ နှလုံးသားမှာ လင်းကျင်းခဲ့တယ်လေ……။

WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Title-ချစ်သူဖွဲ့ စကား

Post a Comment

0 Comments