အနန္တ
****

နင်းလျှောက်ခဲ့တဲ့
ရတု အပိုင်းအဆက်တွေအောက်…

တို့နှစ်ယောက်……
သစ္စာရေ မသောက်ဖူးဘူး ………။

ယုံကြည်ခြင်း……က
နှလုံးသားမှာ အလိုလျောက်
ထုံးနှောင်ပြီး …………။

အပိုမဆို ………။

လိုအပ်တာတွေဖြည့် ………။

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအပြည့်…………။

တို့ ………

ဝေးမသွား ……စေရ………

ဘယ်တော့မှ ……………
………
……………………………။

★★ + <3 <3 :)

Post a Comment

0 Comments