ပုရောဟိတ်ဖတ်စာ
*************
ကိုယ့် , မထိသမျှ
နာဖို့ , သတိမရတတ်ကြတဲ့
ခေတ် အဆက်ဆက်က ညာနင်းကီးကြတဲ့
တစ်ကိုယ်ကောင်းသမားတွေ……။
သာရင်…ပျော် မသာရင် ……အော်
လက်သင့်ရာ စားတော်ခေါ်တတ်ကြတဲ့
(အတ္တလက်ကျန်)
ဘူဇွာနံ့ , နံနင်းကီးကြတဲ့ ,
သခင်အားရ,
ကျွန်ဒဏ်ဝ ,တွေ ……။
အရည်အချင်းထက် …ပိုတဲ့
လာဘ် ……လာဘ , တွေ မျှော်ကိုး……
အောက်ဆိုဒ်…ဆိုတဲ့ ,
ဘဏ္ဍာငွေ သူခိုးတွေရဲ့ ,
ခိုးနေကျ ငွေ အမျိုးအစား
အားထားချင်နင်းကီးကြတဲ့
လူတန်းစားတွေ ……။
*************
ကိုယ့် , မထိသမျှ
နာဖို့ , သတိမရတတ်ကြတဲ့
ခေတ် အဆက်ဆက်က ညာနင်းကီးကြတဲ့
တစ်ကိုယ်ကောင်းသမားတွေ……။
သာရင်…ပျော် မသာရင် ……အော်
လက်သင့်ရာ စားတော်ခေါ်တတ်ကြတဲ့
(အတ္တလက်ကျန်)
ဘူဇွာနံ့ , နံနင်းကီးကြတဲ့ ,
သခင်အားရ,
ကျွန်ဒဏ်ဝ ,တွေ ……။
အရည်အချင်းထက် …ပိုတဲ့
လာဘ် ……လာဘ , တွေ မျှော်ကိုး……
အောက်ဆိုဒ်…ဆိုတဲ့ ,
ဘဏ္ဍာငွေ သူခိုးတွေရဲ့ ,
ခိုးနေကျ ငွေ အမျိုးအစား
အားထားချင်နင်းကီးကြတဲ့
လူတန်းစားတွေ ……။
ချစ်တယ်…ချစ်တယ်…ချစ်တယ်…
ပြော ပြော ပြီး …
အိမ်က မယားကြီး သိအောင်
သံချောင်းခေါက်မှာကို
ကြောက်နင်းကီးလို့
တိတ်တိတ်ပုန်းကို
ဒူးထောက်ချော့မော့နေရတဲ့
ကိုယ်တော်ချောတွေ ……။
ကိုယ်ကျင့်တရား
ပုဝါပါးလေးကို
ထူထဲအောင်မကြိုးပမ်းဘဲ
အမြှောင်မယားနဲ့
ပျော်တော်ဆက်သာသာကိုသာ
လုပ်စားဖို့ ဝါသနာပါနင်းကီးကြတဲ့
မယ်မင်းကြီးမ …တွေ……။
အနုပညာလိုလို
အညုပညာလိုလို
ကပိုကယို
ဟိုလိုလို , ဒီလိုလိုတွေနဲ့
နောက်ကွယ်မှာ
(တခြားအရောင်းအဝယ်)
ဖောက်သည်ရှာ နင်းကီးကြတဲ့
ယစ်မူးလမ်းကြား
လူတန်းစားတွေ ……။
လူမြင်ကွင်းက
မျက်နှာကျက် ကြပ်ခိုးတွေကိုသာ
တက်တက်သုတ်
မီးညွန့်တက်နေတဲ့
အောက်ကမီးဖိုကို
ရိုက်ခွဲဖို့ မလုပ်တတ်တဲ့
ပြဇာတ် အဟောင်းထဲမှာ
ရွာလည်နေရရှာတဲ့
ဘာကိုဘာမှန်း မသိနင်းကီးကြတဲ့
လူတန်းစားတွေ ……။
ဘဲဥအစ
ရှာမရတာကို
"မရဘူး" ……မပြောဘဲ
ကမ္ဘာပတ်ပြီး ……အစ,ရှာ
ဘဝ…တစ်ရာ အညှာမတွေ့
တံလျှပ်ကို ရေထင်
ရွှေသမင်အလိုက် မှားနင်းကီးကြတဲ့
လူတန်းစားတွေ……။
စေတနာထဲမှာ…… အဝိဇ္ဇာ
ဝေဒနာထဲမှာ…တဏှာနဲ့
ဘာကို ဘယ်လို …လုပ်လုပ်
လှုပ်လေ……မြှုပ်လေ ရှင်းလေ ရှုပ်လေ
ဒေါသ,တွေ……နဲ့
လောဘ, တွေ…နဲ့
မောဟ, တွေ…နဲ့
ထုံမွှန်းသော့သွမ်း ရူးနှမ်းနင်းကီးကြတဲ့
လူတန်းစားတွေ ……။
ရှိနင်းကီးနေတဲ့
……ရှိနေတဲ့ ,
အဲ့ဒီ,တိုင်းပြည်
ထို, တိုင်းပြည်
ဟို, တိုင်းပြည်
ဒီ,တိုင်းပြညိ
တိုးတက်ဖို့ ……ငြိမ်းအေးဖို့
ခက်ခဲနင်းကီးတဲ့ ……အကြောင်း……
မောင်းထုကြေငြာ နှောင်း "စု" ဆွေသဟာ…
ကောင်းမှုဝေဖြာ
ပြည်သာစေကြောင်း……
"သြောင်း" …"သြောင်း" …"သြောင်း"…
"သြောင်း"……ဇေယျတု
"သြောင်း"......ဇေယျတု
"သြောင်း" ……ဇေယျတု
သဗ္ဗမင်္ဂလာ……။
မောင်လှမျိုး (ချင်းချောင်းခြံ)
2012 oct 28


0 Comments