ရည်းစားဟောင်း၏ နှစ်ပတ်လည် ဈာပန
****************************
****************************
မြှုပ်နှံပြီးသား
အရိုးမွမွကြေ အလောင်းကောင်ကို
ပြန်လည်တူးဖော်ရင်း
နံစော် , လှောင်ပုပ်
လောက်တက်နေမယ့်
အနိဋ္ဌ ရုပ်ကို
"အလွမ်း" လို့, အမည်တပ်ပြီး
ဘာလုပ်ဖို့ , နှာခေါင်းရှုံ့ရမလဲ။
အရိုးမွမွကြေ အလောင်းကောင်ကို
ပြန်လည်တူးဖော်ရင်း
နံစော် , လှောင်ပုပ်
လောက်တက်နေမယ့်
အနိဋ္ဌ ရုပ်ကို
"အလွမ်း" လို့, အမည်တပ်ပြီး
ဘာလုပ်ဖို့ , နှာခေါင်းရှုံ့ရမလဲ။
အလောင်းကောင်မှာ
အဖိုးတန် လက်ဝတ်ရတနာတွေ
ဆင်မြန်းထားပေ့စေ
အပုပ်နံ့ တထောင်းထောင်းကြား
မက်မောသူများ
တူးဆွ ယူဆောင်ကြ ။
အဖိုးတန် လက်ဝတ်ရတနာတွေ
ဆင်မြန်းထားပေ့စေ
အပုပ်နံ့ တထောင်းထောင်းကြား
မက်မောသူများ
တူးဆွ ယူဆောင်ကြ ။
ငါက , တော့
အပုပ်နံ့ မခံနိုင်ခဲ့လို့ ,
မိုင်ထောင်ချီ အကွာအဝေး ကတည်းက
ထွက်……ပြေး
လွတ်မြောက်ခဲ့ပြီးပြီ ။
အပုပ်နံ့ မခံနိုင်ခဲ့လို့ ,
မိုင်ထောင်ချီ အကွာအဝေး ကတည်းက
ထွက်……ပြေး
လွတ်မြောက်ခဲ့ပြီးပြီ ။
မောင်လှမျိုး (ချင်းချောင်းခြံ )
2012 Oct 23
2012 Oct 23


0 Comments