အစည်းအဝေး
**********

အားလုံးပြီးပါပြီ…ဆိုတဲ့အသံကြား…။

ဘောပင် မင်တွေစွန်းထင်နေတဲ့လက်က
စာရွက်ကို နောက်ဆုံး အကြိမ် အဖြစ်
ဝမ်းသာအားရ …ထိခတ်တယ်……။

ဝန်ထုပ်ဝန်ပိုးတွေအားလုံးကို
လေထုထဲ ပစ်လွှင့်လိုက်တယ်…
လူက ဝါဂွမ်းတစ်စလို……။

အပြီး ကို စောင့်နေရှာတဲ့မိဘ နှစ်ပါး…
ဝမ်းသာအားရနဲ့ …
ပြောစရာတွေလည်းများတယ်……။

သူတို့အပြန်ကို ငေး..ရင်း
ငယ်စဉ်ကတည်းက မက်မောခဲ့ရတဲ့ ဒီလေထုက ကိုယ့်ကိုလာနှုတ်ဆက်တယ်……။

"မတွေ့ရတာကြာပြီနော်.." တဲ့
အဲ့လို ပြောလာတဲ့
ကိုယ်ဇာတိမြေက လမ်းကလေး…
မြေနီရနံ့ သင်းတပျံ့ပျံ့ …မွှေးတယ်……။

အခုလာပြီး …အခုပြန်လို့ …စိတ်မဆိုးကြေး…
ဒီလို ဆိုတဲ့ ကိုယ့်ကိုလည်း
ဒီလမ်းကလေးက နွေးထွေးဆဲ……။

လမ်းကလေးရေ…
ငယ်ငယ်က ဖေဖေနဲ့ကိုယ်တွေ့တဲ့အခါ…
ကိုယ့်လက်ထဲ ဖေဖေက
သူ့မှာပါသလောက် ပိုက်ဆံတွေထည့်ထည့်ပေးတယ်
ကိုယ်မငြင်းရက်ဘူး……

ကြီးလာတော့ ဖေဖေနဲ့ကိုယ်တွေ့တဲ့အခါ
ဖေဖေ့လက်ထဲ ကိုယ်က
ကိုယ့်မှာပါသလောက်
ပိုက်ဆံတွေ ထည့်ထည့်ပေးတယ်…
ဖေဖေမငြင်းရကိဘူး……။

မခမ်းနားတဲ့ကိုယ်အိမ်မက်ပေမယ့်
တကယ်ဖြစ်လာတော့ ပျော်တယ်…
ဖေဖေရယ် …
မေမေရယ်…
ချစ်သူရယ် …
ကိုယ်နဲ့ကိုယ့်အလုပ်တွေရယ်
နောက်…
မြေနီလမ်းလေးရယ်……
တစ်နေရာစီမှာ……
ဒါပေမယ့်
အနီးစပ်ဆုံး နေရာတစ်ခုမှာ
လာပေါင်းဆုံတယ်……။

အဲ့ဒါ …ကိုယ့် နှလုံးသား……
ဒီလိုနဲ့ ……
မေ့လို့မဖြစ်တဲ့ အမှတ်တရတွေ
များ……များ…လာခဲ့ပေါ့။

ဒီလိုနဲ့…ပဲ
ခြေထောက်တွေကို လာရာလမ်းတိုင်း
ပြန်မောင်းနှင် ……
ကားတံခါးကိုပိတ်…
တိတ်တိတ်လေးပြန်လာခဲ့……။

အစည်းအဝေးရဲ့
နေ့ချင်းပြန် ခရီးတစ်လျှောက် ……
အိမ်လွမ်း နှင်းဆီတွေလည်း
အလေ့ကျ ……ပေါက်……လို့……။



ဒီတစ်ခါတော့ မောင်လှမျိုး(ချင်းချောင်းခြံ) ရေးတာမဟုတ်တော့ဘူး ဝတ်မှုံလေး (အာပေတူး) ရေးတာဖြစ်သွားပြီ သည်းခံခွင့်လွှတ်ကာ ဖတ်ရှုပါရန်.. :P :P

Post a Comment

0 Comments