" ပြန့်လှိုင်း (progressive wave) မှာရပ်နေပြီး Node (မလှုပ်နေရာနှင့်) Antinode (လွှဲကျယ်, amplitude အများဆုံး ဖြစ်တဲ့ လှုပ်နေရာ ) ရှိတယ်။"

လျှပ်စစ်နှင့် သံလိုက်တို့၏ ဖခင်များ
************************
***********
မိုက်ကယ်ဖာရာဒေး (၁၇၉၁-၁၈၇၆)
Michel Faraday

-တော်ဝင်ပါမောက္ခ

-လျှပ်စစ်ဓာတုဗေဒ လျှပ်စစ်အင်ဂျင်နီယာပညာ လျှပ်စစ်နှင့် သံလိုက်ပညာရပ်တို့ကို တည်ထောင်သူ ဖခင်ကြီးဖြစ်ပါတယ်

-ဖာရာဒေးက သင်္ချာနဲ့ ရူပဗေဒပညာရှင်မဟုတ်ပါဘူး။ဒါပေမယ့် အလွန်ထူးချွန်တဲ့ လက်တွေ့ရူပဗေဒ ပညာရှင်တစ်ဦးတော့ ဖြစ်ခဲ့ပါတယ်။

- ရူပဗေဒကို ရှင်းပြဖို့ ဂျီသြမေတြီကို အသုံးပြုကာ "အား၏ လမ်းကြောင်းများနှင့် စက်ကွင်းများ" ကို မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်…။

- လျှပ်စစ်နဲ့ သံလိုက်အတွင်းအသိပညာဟာ နယူတန်ရဲ့ ဒြပ်ဆွဲသီအိုရီမှာ နယူတန် အသုံးပြုခဲ့တဲ့ ပုံစံနဲ့ အလွန်ဆင်တူစွာ ပေါ်ပေါက်ခဲ့ပါတယ်။

- ရူပဗေဒ ပညာရဲ့ အပြန်အလှန် စည်းစနစ်ကျမှုဟာ ဖာရာဒေးနဲ့ မက်စ်ဝဲလ်တို့ရဲ့ ခေတ်မှာ သိသာထင်ရှားစေခဲ့တယ်။

- သူ့ရဲ့ သိပ္ပံပညာတွေ့ရှိချက်တွေဟာ အသင့်အတင့် အသိအမှတ်ပြုခံခဲ့ရပြီး FRS ဆုတစ်ခုနဲ့ D.lit ဘွဲ့တစ်ခု ချီးမြှင့်ခံခဲ့ရပါတယ် ။သူဟာ ထက်မြက်တဲ့ကထိက ဆရာတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

- တော်ဝင်တက္ကသိုလ်မှာ ရှိတဲ့ "ဖာရာဒေး ဟောပြောချက်များ" ဟာသူ့ကို ဂုဏ်ပြုထားကြတာဖြစ်ပါတယ်။

Post a Comment

0 Comments