ငယ်ငယ်က ခင်တဲ့ကောင်မလေး
***********************
ငယ်ငယ်က ကြိုက်ခဲ့တဲ့ စာအုပ်လေးတွေပြန်ဖတ်တဲ့အခါ
ချစ်စရာကောင်းတဲ့ နင့်မျက်နှာကိုမြင်တယ် …
ဝါးရွက်ပေါ်မှာ ခဲတံနဲ့ စာတွေရေး
ငါတို့ ဆုတောင်းလေးတွေ ရှိခဲ့ကြဖူးတယ် ……
ကြိုက်တဲ့စာကြောင်းလေးတွေကို
အဝါရောင်မျဉ်းကြောင်းတား
စိတ်ထဲမှာ မှတ်သားခဲ့ကြဖူးတယ်……။
နင်နဲ့တူတဲ့
တရုတ်မလေး ပုံတွေ အများကြီးရေး
နင်ငါ့ကို ပေးခဲ့ဖူးတယ် ……။
သမီးလေးဖတ်ဖို့ စာအုပ်ကို ထုတ်နှုတ်
နင့်ရဲ့ဖေဖေ လုပ်တိုင်းလည်း ကစားခဲ့ဖူးတယ်……။
ခုတော့
နင် နဲ့ ငါ တစ်နေရာစီ မှာ……
တာဝန်များစွာနဲ့ …
ငါဖတ်ဖူးတဲ့စာတစ်ခုရှိတယ်…
" လက်နဲ့တွက်တွက်
စက်နဲ့ တွက်တွက်
၃၆၅ ရက်ပဲ " တဲ့
သူငယ်ချင်းရေ……
၃၆၅ ဆယ်ခါ ……
ဆယ်စုနှစ်တစ်ခုအကြာမှာ
စာအုပ်ကြားက ဝါးရွက်ကလေးလည်းခြောက်
တို့ဆုတောင်းတွေတော့ မပျောက်ခဲ့ဘူး……။
မျဉ်းကြောင်းဝါဝါလေးရယ် ……
ငယ်ငယ်က နှစ်သက်ခဲ့တဲ့ စာအုပ်လေးတွေရယ် ကို မြင်တိုင်း……
နင့်အကြောင်းတွေ တစ်ထပ်ထပ်တွေး……
ပြီးတော့……
တဖြည်းဖြည်း ပြုံး
အတိတ်ကို လွမ်းမဆုံး ....ရှိခဲ့တယ်။
ဝတ်မှုံလေး၏ စာအိမ်ငယ်

Post a Comment

0 Comments