ခမ်းနားသော အတိတ်
**********************
လျှောက်ခဲ့တဲ့လမ်းကျဉ်းလေးက
သတိရ……။
လွမ်းမောခြင်းတွေ
တသသကြွေ ……။
အမှတ်တရများစွာ
ထုပ်ပိုးသိမ်းဆည်းထားတဲ့
ဘဝကိုယ်စီတွေ……။့
တစ်နေရာစီ စီးဆင်း……
မပျော်ဝင်နိုင်တဲ့
ပျော်ဝင်ခြင်းတွေကြား ……
ဘဝခါးခါး ……
ဘဝ ချိုချို……
ဘယ်လိုပဲဖြစ်နေနေ ……ပေါ့
ပင်ပန်းဆင်းရဲမှုကြီးခဲ့တယ်
(ထင်ခဲ့တဲ့)
လက်တွေ့ခန်း………
မွန်းကျပ် ပိတ်လှောင် ကာ
လွတ်လပ် ခြင်း တွေဆုံးရှုံးခဲ့တယ်လို့
(ထင်ခဲ့တဲ့)
စာသင်ခုံလေးတွေ …
နေပူရင် အမိုးအဖြစ် အသုံးဝင်တဲ့
ဖြူလွလွ အကျီရှည် …
ပူအိုက်လောင်မြိုက်ခဲ့ရခြင်
ရှုပ်ထွေးကာ ဒုက္ခပေးလွန်းတယ်လို့
(ထင်ခဲ့တဲ့)
ဘာသာရပ် တွေ ……။
မျက်လုံးမှိတ်လိုက်တိုင်း
ပေါ်လာတတ်တဲ့
အမြဲတမ်း မောလျနေစေခဲ့တဲ့
ပတ်သက်ဆက်နွယ်ရာ ဓာတုဒြပ်ပေါင်း များစွာ ရဲ့ 
ဖွဲ့စည်းတည်ဆောက်ပုံတွေ ……။
အဲ့ဒါတွေ သီးသီးသန့်သန့်ကို
အဓိပတိ လမ်းက ဇာတ်လမ်းမပါပဲ
လင်းမြ ချိုမြိန်စွာ
ငါ ……လွမ်း…တယ်……။
ဘဝဟာ ……မီးခံသေတ္တာ တစ်ခုဆိုရင်
ကျောင်းတော် က အတိတ်တွေကို
လုံခြုံစွာ သော့ခတ် သိမ်းဆည်း…
သော့ကို နှလုံးသားမှာ ခိုင်မာစွာ ချိတ်ဆွဲထားမယ် …။
ဖြူစင်စွာ ဆွတ်ပျံ့သာယာ လိုချိန်တိုင်းမှာ ဖွင့်ဖွင့်သုံး……
ဒီလိုနဲ့ ……
ဘယ်လောက်စိတ်ညစ်တဲ့အချိန်ဖြ
တကယ်တော့
အလွမ်းချင်း တူရင်တောင်
ဖြူစင်တဲ့ မျှော်လင့်ချက် ……
စိုလက် တောက်ပတဲ့စစ်မှန်ခြင်းတရား…
ညီမလေးရေ……
ငါတို့ အတိတ်တွေ ……
တကယ် မခါးခဲ့ဘူး ……။
(ကျောင်းတော်မှ စာများကို စိတ်ညစ်နေသော ညီမလေး များအတွက်)
ဝတ်မှုံလေး၏ စာအိမ်ငယ်



0 Comments