သို့ရာတွင် ဇွဲစိတ်ဓာတ်တိုင်းသည် သူရသတ္တိ ဖြစ်၏ ဟု
ကျွန်ုပ်မထင်ပါ။မထင်သောအကြောင်းကို ပြောပါမည် ။ အချင်းလက်ခီ သူရသတ္တိဟူသည်
မြတ်သောသဘောဖြစ်၏ ဟု အသင်ဆိုမည်လော ။
လက် ။ ။ အမြတ်ဆုံးဟူ၍ ပင်ဆိုလိုက်ချင်သည်။
ဆော့ခရတ္တိ ။။ ကောင်းပြီ အသိတရားနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်သည် မြတ်သော သဘောပေလော ။
လက် ။ အလွန်မြတ်သော သဘောပါပေ။
ဆော့ ။ ထိုသို့တပြီးကား မိုက်မဲခြင်းနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်ကို အသင်မည်သို့ ဆိုမည်နည်း။ထိုဇွဲစိတ်ဓာတ်မျိုးကို ဆိုး၏ ယုတ်၏ ဖျက်ဆီးတတ်၏ ဟု မဆိုနိုင်ပေလော။ ။
လက် ။ ဆိုနိုင်ပါသည်။
ဆော့ ။ မြတ်သော သဘောသည် ဆိုးသော ယုတ်သော ဖျက်ဆီးတတ်သော သဘောဖြစ်၏ ဟု အသင်ဆိုမည်လော ။
လက် ။ ဆော့ခရတ္တိ မည်သည့်နည်းနှင့်မျှ မသက်ဆိုင်ပါ။
ဆော့။ ထိုသို့ တပြီးကား မိုက်မဲခြင်းနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်ကို သူရသတ္တိဟု အသင်ဆိုနိုငိမည် မဟုတ်ချေ ။အဘယ်ကြောင့်ဆိုသော် မိုက်မဲခြင်းနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်သည် မြတ်သော သဘော မဟုတ်သောကြောင့်ဖြစ်၍ သူရသတ္တိကား မြတ်သောသဘော ဖြစ်သောကြောင့်တည်း။
ဆရာဇော်ဂျီ၏ ပလေတိုးနိဒါန်း စာအုပ်မှ

0 Comments