ကိုယ့် ခရမ်းပြာလေးသို့ ……
*****************
*****************
ခရမ်းပြာလေးကို ကိုယ်ထား
အခြားတစ်စင်းကို ငှားပြီး
လိုက်ပါစီးနင်းရတုန်းကပေါ့ ……
အခြားတစ်စင်းကို ငှားပြီး
လိုက်ပါစီးနင်းရတုန်းကပေါ့ ……
ဘယ်ညာလွဲနေတဲ့ အရှိန်မသေမှု ရယ် …
ကလေးသာသာ ခုံအမြင့်တစ်ခုရယ်မှာ
ကလေးသာသာ ခုံအမြင့်တစ်ခုရယ်မှာ
ကိုယ်………
ပေါက်ပစ်ခွဲ ချင်လောက်အောင်
ထို တစ်စင်းကို မုန်း……
ကိုယ့်ဒေါသတွေ
နေရာ ကွက်ကျား ထစ်ချုန်း ခဲ့ ရတယ်……။
ထို တစ်စင်းကို မုန်း……
ကိုယ့်ဒေါသတွေ
နေရာ ကွက်ကျား ထစ်ချုန်း ခဲ့ ရတယ်……။
စာအုပ်တွေကြောင့်
နောက်ကျကျ နေခဲ့ရတဲ့
ကိုယ့် ကုသိုလ်ဖြစ် မနက်ခင်းတွေ မှာ…
ခရမ်းပြာလေး မရှိလို့ …
အလွဲလွဲ အချော်ချော် …။
နောက်ကျကျ နေခဲ့ရတဲ့
ကိုယ့် ကုသိုလ်ဖြစ် မနက်ခင်းတွေ မှာ…
ခရမ်းပြာလေး မရှိလို့ …
အလွဲလွဲ အချော်ချော် …။
နုံချာလှတဲ့ ဟန်ချက်မညီထိုတစ်စင်းကို
စိတ်တိုတို နဲ့ပစ်ချ …
လမ်းမပေါ် ကသောကမျော နဲ့ပြေး…
"ကယ်ရီ" လို့ အော်ခဲ့ရသေးတယ်………။
စိတ်တိုတို နဲ့ပစ်ချ …
လမ်းမပေါ် ကသောကမျော နဲ့ပြေး…
"ကယ်ရီ" လို့ အော်ခဲ့ရသေးတယ်………။
စိတ်ချဉ် ခပ်ပေါက်ပေါက်နဲ့ …
ကိုယ့်ပန်းပွင့်လေးတွေကို
ကိုယ်ငေါက်ခဲ့တယ်…။
ကိုယ့်ပန်းပွင့်လေးတွေကို
ကိုယ်ငေါက်ခဲ့တယ်…။
"အိမ်စာမတွက်တဲ့သူတွေထ"
ဒီလို ပြောင်္ပြး…
ဒီလို ပြောင်္ပြး…
ကိုယ် ……
ဘာကို စိတ်တိုမှန်းမသိပဲ
ကြိမ်လုံးကို ခပ်ကြမ်းကြမ်း မွှေ့ရမ်းပစ်ခဲ့မိ……
ခရမ်းပြာလေး ……မရှိတုန်းကပေါ့…။
ကြိမ်လုံးကို ခပ်ကြမ်းကြမ်း မွှေ့ရမ်းပစ်ခဲ့မိ……
ခရမ်းပြာလေး ……မရှိတုန်းကပေါ့…။
သေချာ ရှင်းအောင် မသင်ပဲ
စာတွေအော်အော်ကျက်ခိုင်းနေတဲ့
"အီကို " အတန်းကို
ပစ်ခွင်းမတတ် အသံလွှမ်းအောင်အော်ရင်း
သင်္ချာ တွက်ခြင်းမှာတောင်
ကိုယ်…
စိတ်တွေ လန်းဆန်း သာယာ မနေခဲ့ ……။
စာတွေအော်အော်ကျက်ခိုင်းနေတဲ့
"အီကို " အတန်းကို
ပစ်ခွင်းမတတ် အသံလွှမ်းအောင်အော်ရင်း
သင်္ချာ တွက်ခြင်းမှာတောင်
ကိုယ်…
စိတ်တွေ လန်းဆန်း သာယာ မနေခဲ့ ……။
ဒီလိုနဲ့
နေရောင်ခြည် လက်ဖြာတဲ့နေ့မှာ
အင်ဂျင်မပါတဲ့…
ကိုယ့် ယာဉ်ကလေးကြောင့် ……
ကိုယ်…
ကဗျာတစ်ပုဒ်ကို
ခပ်ညံ့ညံ့ ကာရန် စုတ်စုတ်တွေ …နဲ့
ထုတ်လုပ်မိခဲ့ တယ် ...။
နေရောင်ခြည် လက်ဖြာတဲ့နေ့မှာ
အင်ဂျင်မပါတဲ့…
ကိုယ့် ယာဉ်ကလေးကြောင့် ……
ကိုယ်…
ကဗျာတစ်ပုဒ်ကို
ခပ်ညံ့ညံ့ ကာရန် စုတ်စုတ်တွေ …နဲ့
ထုတ်လုပ်မိခဲ့ တယ် ...။
WHP(ဝတ်မှုံလေး၏ စာအိမ်ငယ်)



0 Comments