လူတိုင်းသည် လူတိုင်းအတွက် ကြည့်မှန်ဖြစ်ပါသည်။ မှန်ရှေ့တွင်ဖြတ်သွားသမျှ အရာတိုင်းသည် မှန်ထဲတွင် အရိပ်ထင်သည်ဆိုသောCooley က သူ၏ "looking glass " theory တွင် ဆိုထားသည်မှာ အကြောင်း အကျိုး ဆက်စပ်မှုရှိသည် ။ စိတ်ပညာ သုတေသန များတွင် ကိုယ်ရည်ကိုယ်သွေးနှင့်ပတ်သက်သော လက္ခဏာများကို ဖော်ပြထားသည်မှာ ဆက်လက်၍ တွေးတော ဆွေးနွေးချင်စရာကောင်းလှသည်။ထိုကိုယ်ရည်ကိုယ်သွေးများမှာ စစ်မှန်သော ပျော်ရွှင်ခြင်း နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့ရခြင်းတို့နှင့်ဆက်စပ်နေသည် ကို သတိပြုရမည် ဖြစ်သည်။
ိထိုကိုယ်ရည်ကိုယ်သွေးတို့မှာ မိမိကိုယ်ကို ယုံကြည်ခြင်း (self confidence) ပြသနာများ အခြေအနေ အရပ်ရပ်များနှင့်တွေ့ရာတွင် ပြေပြစ်နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်း (coping ability) ဦးဆောင်နိုင်ခြင်း (initiative) ကြိုးပမ်းအားထုတ်နိုင်စွမ်းရှိခြင်း (industry) ဟာသဥာဏ်ရှိခြင်း (sense of humour) တို့ဖြစ်ကြသည်။
ဒေါက်တာ မတင်ဝင်း
ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း
စာမျက်နှာ ၈၀
..
ကိုးတန်းတုန်းက စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲမှာ "ဘိုးဘွားအမွေတို့စာပေ" ဆိုသော့ ကဗျာလေးကြောင့် ရခဲ့ဖူးတဲ့စာအုပ်လေး ……။ငယ်ငယ်ကတော့ အဲ့ဒီစာအုပ်ထက် မောင်ထင်၏ မိုပါဆွန်းဝတ္ထုတိုများ ဘာသာပြန် စာအုပ်ကို ရတာပဲ ပိုပျော်နေခဲ့ဖူးသည်။ အင်္ဂလိပ်စာလုံးတွေရော သဘောတရားတွေရော ပါနေတော့ ကလေးပီပီ သိပ် စိတ်မဝင်စားခဲ့မိ။
အခု ပြန်ဖတ်မိတော့ တော်တော်သဘောကျမိပါသည်။
အနောက်နိုင်ငံမှ ကိုယ်ရည်ကိုယ်သွေးနှင့်သက်ဆိုင်သော့ အချက်အလက်များ စာအုပ်များအတွေးအခေါ်များ(ဥပမာ Patricia Kimberly Webb ရေးသားသော The emerging child ) ကို ရည်ညွှန်းချက်ထားကာဘုရားဟော ဇာတ်တော်များ နှင့် ဥပမာ ပြုထားသည်မှာ နှစ်သက်သဘောကျဖွယ်ဖြစ်သည်။အထူးသဖြင့် ကလေးငယ်များနှင့်ပတ်သက်သော ပြုမူဆက်ဆံ မှုများ၌ မိဘများ ဆရာဆရာမများ လူကြီးများအနေဖြင့် သတိပြုဖွယ်ရာ များကို အချက်အလက်ကျကျ ဖွင့်ဆိုရှင်းပြထားသည့် အဖိုးတန်သော ဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည် ။
ဝတ်မှုံလေး၏ စာအိမ်ငယ်

0 Comments