ပဟေဠိ
******
စဉ်းစား မရ
ခေါင်းတွေကပူ
ကျိုက်ကျိုက်ဆူလျက်
ဥာဏ်တွေ ကပျက်
ဦးနှောက်အက်ခဲ့ ……
ဆက်ကာပင်ပန်း
နွမ်းလျ လျှံတက်
အတွေးနက်သော ညဉ့်တစ်ရက် …………။
ဘာကို သုံးကာ
ဘာရှာမည်ဟု
ယခုပင်မှတ် ရပါလျက်နှင့်
တဖျင့်တပါး အရွေးမှားခဲ့
ဘာများဖြစ်သေး ဘာကြောင့်ရေးဟု
ငေးကာ စဉ်းစား
ရတက်ပွားဆွေး
မေးရန် ဖွေရှာ သူရူးပမာဖြင့်
ဖြေမှာမရ တသသမက်
ထပ်ထပ်တိုးလျက် ခံရခက် ……။
အရုဏ်မိုးသောက်
အလင်းရောက်က
တတ်မြောက်သောသူ
သိသောသူထံ မငြူမစူ
သင်ယူကာမေး ရနိုင်သေးဟု
တွေးကာဖြေဖျော် စိတ်ကိုရွှင်ထား
လွန်ကြိုးစားအိပ် တစ်ရေးမှိတ်သော်
အိမ်မက်ပေါ်ရှိ အဖြေသိသည်
ပီတိဝေဖြာမိသတည်း :D ။
(physics တစ်ပုဒ်ကို တောင်တွေးမြောက်တွေးကတ်ကတ်သတ်သတ်တွေ လျှောက်တွေး ……တစ်ရေးနိုးမှ ……အဖြေသိသွားလို့ ဝမ်းသာအားရ ကောက်ရေးမိသွားခြင်း :D )
မှတ်ချက်
******
*တဖျင့်တပါး =မညီမညွတ် ယွင်းယွင်းချွတ်ချွတ်
(ခက်ဆစ်အဓိပ္ပါယ်တစ်ခုထဲမှာတွေ့လို့ စာလုံးလေးကိုသဘောကျလို့ပါ )
ဝတ်မှုံဖြူ (ဝတ်မှုံလေး၏ စာအိမ်ငယ် )

Post a Comment

0 Comments