ကောင်လေးတစ်ယောက်ဖြစ်ခဲ့ရင်
***********************
ကိုယ့်ဘဝ ခရီး အတွက်
သိပ်ကောင်းတဲ့ မိန်းကလေးကို
ကိုယ် မမျှော် လင့်ထားပါဘူး ……။
"ပါရမီ ဖြည့်ဖက်" လို့
ကိုယ့် က်ု ကိုယ် မတန်မရာ အမည်တစ်ခု တပ် ……။
ရှိသမျှ ကိုယ့်ဂုဏ်ဒြပ်တွေကို မက်…
ရသမျှ အခွင့်အရေးတွေ သိမ်းကြုံးယူ…။
ကိုယ့် ဘဝ အစစ်အမှန်
ကိုယ့် အသက်သွေးချွေးကို နိုင်ငံအတွက် ပေးဆပ်ထားရခြင်း ဆိုတာတွေ ထက်
ကိုယ့်ကြောင့် ရနိုင်တဲ့ အလားအလာတွေ
ရပိုင်ခွင့် တွေကို မျှော်ကိုး ……
အကြောင်းပြချက် ကောင်းကောင်း နဲ့
အဲ့လို မိန်းကလေး မျိုးတွေ အတွက်
ရင်ခုန်သံ နည်းနည်း တိုး ……မိတာလေးတစ်ချက်ပါပဲ။
အချစ်ဆိုတာ အကြောင်းပြချက်မရှိဘူး……။
အကြောင်းပြချက် ရှိရင်လည်း အချစ်မဟုတ်နိုင်တော့ဘူး…လေ။
အရှင်ဘုရား
ယနေ့မှစ နိဗ္ဗာန် ရသည့် ကာလတိုင်……
………………
ဘဝ ဆက်တိုင်း…
တဏှာ အသစ်အသစ် နှင့်
ဖြစ်ဖြစ်လာသော နှောင်ဖွဲ့ခြင်းများအလယ် ……
ထိုသို့သော မိန်းကလေး မျိုးကို
အကြောင်းပြချက် မရှိပဲ
ချစ်မိခြင်း ဆင်းရဲ မှ ကင်းဝေးရပါလို၏ ဘုရား။
အချစ်စစ် အချစ်မှန် နှင့် ဆုံဆည်းနိုင်ကြပါစေ။
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments