ချွေးတိုက်ပွဲ မှာတမ်း
**************

ကိုယ့် အနိုင် ရမှုဟာ …
ကိုယ့်အရှုံး…………။

အကြောင်းက ……
ကိုယ် နိုင်ရင် ……
သူတို့ ရှုံး……
သူတို့က ……
ကိုယ့်ရဲ့ တစ်ပိုင်းတစ်စသော....
နှလုံးသား ……မို့ ……။

ဒီလိုနဲ့ ……
အနိုင်မယူလို တဲ့ စစ်ပွဲ နဲ့ဆန့်ကျင်စွာ

……မသက်ညှာပဲ ……
……လက်နက်ခဲယမ်းတွေကို
စနစ်တကျပြင်ဆင်……
……ကိုယ်ဟာ အပင်ပန်းခံချင် နေခဲ့ပြန်တယ်…………။

ဒီတိုက်ပွဲက……
သွေးစက်တွေ မြေဝယ်မကျရေး…
ချွေးစက်တွေ ပေးဆပ်ရတဲ့ပွဲ……
……
ကဲ……

သဲသဲမဲမဲကြိုးစား…
သေသေချာချာ ပြင်ဆင်
ရွပ်ရွပ်ချွံချွံတိုက်…
အပြတ် အသတ်
……ရဲရင့်လိုက်ကြစမ်းပါကွယ် …………။

ဖြေနိုင်ကြပါစေ……။

ဝတ်မှုံလေး၏ စာအိမ်ငယ်

Post a Comment

0 Comments