မြူပွင့်ပုံပြင်
********
********
ပျောက်လို့လိုက်မရှာပါနဲ့ ……
ကောင်မလေး………
ကောင်မလေး………
ကိုယ် မင်းဘေးမှာ မရှိရင် ……
ဟိုဒီငေးကြည့် စူးစမ်းလေ့လာ
ဘယ်မှာ ရှိလဲ မဖွေရှာပါနဲ့လား………။
ဟိုဒီငေးကြည့် စူးစမ်းလေ့လာ
ဘယ်မှာ ရှိလဲ မဖွေရှာပါနဲ့လား………။
ကိုယ်…ဟာ……
ဘေးမှာ……။
မင်းရဲ့ဘေးမှာ ……။
မင်းမျက်ဝန်းရဲ့ တစ်ထောင့်တစ်နေရာမှာ……
မင်း ပန်ဆင်နေကျ ကလစ်ကလေး မှာ…
မင်းရဲ့ နှလုံးသား အချက်အချာ…… တစ်နေရာရာမှာ ……
မင်း ပျော်ရွှင်နေ ကျ ရယ်မောသံလေးတွေ မှာ ……
မင်း ပွေ့ပိုက်နေကျ မွေးပွ ရုပ်ကလေးနားမှာ……
မင်းနဲ့ အမြဲ မခွဲ တတ်တဲ့
မင်းတပ်ဆင်နေကျ
ရင်ထိုးလှလှလေးတွေနားမှာ…………
မင်းတပ်ဆင်နေကျ
ရင်ထိုးလှလှလေးတွေနားမှာ…………
အဲ့ဒီနေရာ တွေမှာ
ကိုယ့်စိတ်အစဉ်ဟာ
လွင့်မျောသာယာ ……
ဝေ့ပျံဝဲလွင့်……
တစ်ခါတစ်ရံတော့
ကိုယ်ဟာ မြူတစ်ပွင့် ……
ကိုယ့်စိတ်အစဉ်ဟာ
လွင့်မျောသာယာ ……
ဝေ့ပျံဝဲလွင့်……
တစ်ခါတစ်ရံတော့
ကိုယ်ဟာ မြူတစ်ပွင့် ……
မင်း……ဟာ …
ဝေးလွင့်နေတဲ့
နွေးထွေး ခြင်းတွေကို……
……ဖမ်းဆုပ်ပျော်ရွှင်……
မြူပွင့်လေး ရဲ့ ဖန်ဆင်းရှင်မပေါ့ ……
…ကိုယ်…ကမ္ဘာကြီးလည်း ……
ရှိစုမဲ့စု ပျော်စရာလေးနဲ့ …
လှတန်သလောက် လှလို့………………။
ဝေးလွင့်နေတဲ့
နွေးထွေး ခြင်းတွေကို……
……ဖမ်းဆုပ်ပျော်ရွှင်……
မြူပွင့်လေး ရဲ့ ဖန်ဆင်းရှင်မပေါ့ ……
…ကိုယ်…ကမ္ဘာကြီးလည်း ……
ရှိစုမဲ့စု ပျော်စရာလေးနဲ့ …
လှတန်သလောက် လှလို့………………။
ပျော်ရွှင်ခြင်းတွေကို …
ချစ်သူ အတွက် ခူးခဲ့ပေးတဲ့ ……
စံပယ်ပင်ခြေရင်း မှာ ခေတ္တ မြေမြုပ်ခဲ့တယ်……။
ချစ်သူ အတွက် ခူးခဲ့ပေးတဲ့ ……
စံပယ်ပင်ခြေရင်း မှာ ခေတ္တ မြေမြုပ်ခဲ့တယ်……။
အဲ့ဒီနောက်………
အက်ကွဲကြေမွ ထောင်းထောင်းထနေတဲ့
ရင်ခွင်ဟောင်းလောင်းကြီးနဲ့ ………
တာဝန်ရဲ့ ဇက်ကြိုးတပ် ခြင်းကိုခံရတဲ့သူ …
ကိုယ်ဟာ မြင်း လို လူပါ ……။
ရင်ခွင်ဟောင်းလောင်းကြီးနဲ့ ………
တာဝန်ရဲ့ ဇက်ကြိုးတပ် ခြင်းကိုခံရတဲ့သူ …
ကိုယ်ဟာ မြင်း လို လူပါ ……။
စက်ဝိုင်း ပုံသဏ္ဍာန် ကမ္ဘာကြီးမှာ……
ဘယ်လောက်ဝေးအောင် ကဆုန်စိုင်း ပြေးပြေး……
ဆုံမှတ် မျဉ်းကွေးတစ်ခုမှာတော့ …
……ချစ်သူရဲ့လက်ကို မြဲမြဲကိုင်……
လောကကြီးကို နှုတ်ဆက်နိုင်ကောင်းပါရဲ့လေ……………။
ဘယ်လောက်ဝေးအောင် ကဆုန်စိုင်း ပြေးပြေး……
ဆုံမှတ် မျဉ်းကွေးတစ်ခုမှာတော့ …
……ချစ်သူရဲ့လက်ကို မြဲမြဲကိုင်……
လောကကြီးကို နှုတ်ဆက်နိုင်ကောင်းပါရဲ့လေ……………။
အလုပ်တာဝန်ကြောင့်ဝေးကွာနေရသော ချစ်သူများ အတွက်
Photo - ako Thi Ha



0 Comments