hospital pharmacist ရဲ့ ချစ်ခြင်း
*********************** definition
*******
မင်းသာ ဆေးတစ်ခု ဖြစ်ခဲ့ပါစေ …။
expiry date မိရင်မိ …
စာရင်းစစ်နဲ့ ငြိချင်လည်းငြိ ……
မင်း ကိုယ့်ထံမှာ ရှိမှန်း ဘယ်sister မှမသိစေ……
သော့တွေ အထပ်ထပ် ခတ် ……
main store ထဲမှာ မြတ်နိုးစွာ …
သိုဝှက်ထားလိုက် ချင်ပါရဲ့ ……မေ....။
store ပေါင်းမြောက်များစွာမှာ
သိမ်းဆည်းထားရတာတောင် ……
ရုံးခန်းထဲမှာပါ နေစရာ မရှိ ……
အဲ့ဒီ ဘယ်နေရာက ဆေးတွေကိုပဲ ကြည့်ကြည့်
မင်းမျက်နှာလေးကိုပဲမြင်ယောင်မိ……
ကိုယ့်ပတ်ဝန်းကျင်မှာ ……
ဆေးတွေက
ဂိုထောင်ပေါင်း မြောက်များစွာ……
ရင်ဘတ် ထဲမှာတော့
မင်းလေးက နေရာ အပြည့် အကျပ်
ဘယ်လို ဖယ်ထုတ်ထုတ်
အတွေးထဲက မထွက်ဘူး ………။
ဘယ်လောက်ပေးပေး မကုန်ခမ်းနိုင်တာ
ကိုယ်ထိန်းသိမ်းရတဲ့ ဆေးတစ်ခုတည်းသာမဟုတ်…………
နောက်တစ်ခုက ……ကိုယ့်မေတ္တာ………
အဲ့ဒီလို တွေးမိတဲ့ အခါ ……
ဘယ်လောက်ပင်ပန်းသည် ဖြစ်စေ ……
စိတ်သက်သာရာ ရခဲ့တယ်…………။
ကိုယ့်ထံမှာ ရှိတဲ့ Paracetamol tablet အရေ အတွက် လောက် မင်းကို ချစ်တယ် ……
omeprazole အရေအတွက်လောက် မြတ်နိုးတယ်……
flumox အရေအတွက် လောက်အလေး အနက်ထားပြီး ……
လိုအပ်တဲ့ NS အရေအတွက်လောက် မင်းကို နှစ်သက်တယ်
ကိုယ့်နှုတ်ဖျားကsister ,ortho ,OG ,medical ,OPD, surgical ,child..........etc
ဘယ်လို တွေပဲ နေ့စဉ် အထပ် ထပ် အခါခါ ရွတ်ကာနေနေ……
ကိုယ် မျှော်လင့်နေတာ မင်းနဲ့အတူဆုံတွေ့နိုင်မယ့် ……
နေ့ရက်လေးတွေ……ပါ။
မင်းဟာ နှလုံးသားရဲ့
ဖျားနာခြင်းအတွက် …
acetamenophan တစ်ခွက်
ကိုယ့်ရောဂါအတွက်
အထူး တိမ်းညွတ် ယစ်မူး နှစ်သက်တယ်……။
မင်းဟာ ကိုယ့် စိတ်ညစ်ခြင်း အနာတွေကို
အမြန်ကျက်စေနိုင်တဲ့
povidone iodine လေး……
စပ်ရှရှ နဲ့ နွေးလည်း နွေးထွေးခဲ့ ……။
မင်းဟာ ကိုယ်နေမကောင်းမဖြစ်အောင်
ကာကွယ်တဲ့
ascorbic acid ……
မင်းကြောင့် စိတ်စွမ်းအားတွေ
သန်မာ ကျစ်လျစ်ခဲ့ ……။
မင်းဟာ ကိုယ့်ကို လန်းဆန်းတက်ကြွစေတဲ့
ORS ဖျော်ရည် တစ်မျိုး…
ကိုယ့် ပျော်ရွှင်ခြင်းတွေကို စိုးမိုးတယ် ……။
မင်းဟာ ကိုယ့် အတွက်
expiry date infinity year ရှိတဲ့
ချစ်ခြင်းမေတ္တာဆေး …
အမုန်းတွေအားလုံးက ………Nil ……
ကိုယ်ဘယ်သူ့ကိုမှ မပေးနိုင်ဘူး………။
ဒီလိုနဲ့
ဆေးတစ်ပုံးပေါ် ထိုင်
ဘောပင်ကလေးကိုင်ပြီး
နှလုံးသား stock book ထဲမှာ
ရေးမှတ်ထားလိုက်တယ်
………………………
Name - ချစ်သူ 1500 mg
received from- love
issued to -none
received -1500
issued -none
balance -1500 ,.....
exp; date - when you don't love me,means infinity ………………….<3 <3 <3 <3
Our motto ☞☞Genuine love wants what is the best for the other!
Photo -from chitthu
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments