မျက်မှောက်ပုံပြင်
*************
ကဗျာကို ကော်ဖီနဲ့ မြည်းတဲ့ညကပေါ့ ……
အပေါ်ယံ ရွှေမှုန်တွေ ချွတ်ခွာကျ …
နှစ်သက်ကြည်နူးခြင်းတွေ …
စားသုံးရန် အသင့်ချ ……
လတ်လတ်ဆတ်ဆတ် နဲ့ အငွေ့တထောင်းထောင်း ထလို့ .........။
ဟိုး အရင်က …
ဆရာ မိဘ ရင်ခွင်ရိပ်မှ
ဝေးကွာရပ်ဝန်း အဖြစ် …………
ပထမဆုံး တွေ့ကြုံခဲ့တဲ့ နေရာ…
မြန်မာနိုင်ငံရဲ့ အထီးကျန်နေတဲ့ 
ရွှေရောင်မြို့တော်ကြီးမှာ ……
စကားမပြောဘူးလို့ မှားယွင်းယူဆခံရတဲ့ 
ကြက်တူရွေးခပ်ပိန်ပိန်လေး တစ်ကောင်ဟာ…...
ဘယ်သူမှ မသင်ပေးပဲ
"မေမေ" လို့ အသံတိတ်အော် ....
ကော်ဖီတွေကို ကဗျာထဲထည့်ထည့်ဖျော် ရင်း………
……………
နေ့ရက်တွေ တစ်ရက် ချင်းစီးဆင်းရင်း……
အိမ်အပြန်တေးတွေကို
လွမ်းလွမ်းဆွေးဆွေး သီဆိုရင်း…………
ဒီလိုနဲ့ ……
မောပန်းနွမ်းနယ်စွာ
ဂုဏ်ယူဝံ့ကြွား နေခဲ့ပြန်ပါသတဲ့ …………။
ဝတ်မှုံလေး၏ စာအိမ်ငယ်

Post a Comment

0 Comments