Special Definitions
***************

အဓိပ္ပါယ် သတ်မှတ်ချက် အလန်းများ
**************************

နှပ်ချေး
******
လူအကွယ်ကော်မယ်လို့ရည်ကာစူး
ကိုယ်ကော်တာ အကြိမ်များရင်ဖြင့်
လုံချည်မှာ ပေကာသွားရတော့မယ်…
(သြော်) …
ဖျက်မရဘူး။

ကာရာအိုကေ
**********
ငွေကုန် သံပြာ
စိတ်တွေနာတယ်
ကိုယ့်မှာ လိပ်ခေါင်း ထွက်ခဲ့လို့ ။(Copy)

ဘရာစီယာ
********
အအိုလေးများ ပစ်ပယ်ထား၍
သနားစရာ ငိုနေရှာသည့်
တစ်ခါတုန်းက နှင်းဆီခိုင်။(Copy)

ကြွေးရှင်
-******
သူ့အပြုံးက
နှလုံးဆွဲဆိတ်
ရင်တွင်းထိတ်ငဲ့
ဖိုသိမ့်ကြက်သီး
ချမ်းမပြီးဘူး
:'(

ချစ်သူ
****
သူ၏ အကြိုက်
ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ
ရှိခဲ့ပါမူ
နင်ဟာ အလွန်ဝ
ရုပ်ဆိုးလှ၏ ။
သူ့ရဲ့ အကြိုက်
သင်္ချေလိုက်တော့
နတ်သမီးလေး ……
ရွှေရင်အေးတဲ့
:'(

(ကိုယ့်ချစ်သူလေးမပါ :P)

ကိုးရီးယားမင်းသား
*************
သူ့ကိုမြင်လျှင်
ရင်တထိတ်ထိတ်
ပီတိစိတ်ဖြင့်
နှစ်သိမ့်မက်မော
ကိုလူချောလေး .... <3 <3

လစာထုတ်ရက်
***********
လမင်းကသာ
ကြယ်တာရာ ကွန့်မြူး
ကဗျာတွေ အကုန်ဝယ်ဖတ်တယ် ……
တစ်ပြားမှမကျန်ဘူး ……:'( ။

ဒီစာကိုရေးတဲ့သူ
************
ပေါက်ကရထွတ်ခေါင်
ပန်းများနောင် အာခေါင်ကြီးပေါက်
ပြောင်မြောင်အောင်ဖွင့်ဆိုတတ်
နှံပြည်စုတ်ကငို ……
လေတိုက်ရင်လွင့် ……
ပုရွက်ဆိတ် ကိုးစီး စားမကုန်သော
ခန္ဓာကိုယ်ပိုင်ရှင် ……
အဖြူရောင် အပေအတေ တစ်ပွင့် ။

WHP (ဝတ်မှုံလေး၏ စာအိမ်ငယ် )

Post a Comment

0 Comments