နွယ်ရိုင်းတွေလို ဘယ်တော့မှ ရှင်းလင်းလို့မကုန်ဆုံးနိုင် တဲ့
ကိုယ်နှစ်သက် တမ်းတ လွန်းရ…
ကိုယ်နစ်မြုပ်ပျော်ရွှင်နေ ရ …
ကိုယ်ရွေးချယ်ခဲ့တဲ့ ကိုယ့်အလုပ်တာဝန်နဲ့ဘဝ………
ကိုယ်နစ်မြုပ်ပျော်ရွှင်နေ ရ …
ကိုယ်ရွေးချယ်ခဲ့တဲ့ ကိုယ့်အလုပ်တာဝန်နဲ့ဘဝ………
ကိုယ်ဟာ ပေါက်ကရနည်းနဲ့ စာသင်တဲ့ ဆရာမ…
ဆေးတွေကိုပေါက်ကရ တွေ လုပ် ရေးတဲ့ pharmacist ကောင်မကလေး မ လှမပ………
တာဝန် နှစ်ခွနဲ့ ခို ကလေး…။
ဆေးတွေကိုပေါက်ကရ တွေ လုပ် ရေးတဲ့ pharmacist ကောင်မကလေး မ လှမပ………
တာဝန် နှစ်ခွနဲ့ ခို ကလေး…။
ငယ်ငယ်က ခြေရာတွေကို ပြန်ကောက်သိမ်းဖို့ ……
ဟောင်းနွမ်းနေတဲ့ အမှတ်တရတွေကို ပြန်လည် တူးဖော်ဖို့ ………
နွေးထွေးတဲ့ မေတ္တာတွေ ပြန်လည် ဆွတ်ယူစားသုံးဖို့ ……
မိသားစုမေတ္တာညှိုးခြောက်နေတဲ့
ကိုယ့်နှလုံးသားလေးကို
မေမေ့ရင်ခွင်မှာ ပြန်လည် ရေလောင်းပေါင်းသင်ပေးမလို့ …………
ကိုယ့်နှလုံးသားလေးကို
မေမေ့ရင်ခွင်မှာ ပြန်လည် ရေလောင်းပေါင်းသင်ပေးမလို့ …………
အဲ့ဒီ သမ ရိုးကျ တာဝန်တွေထဲက ခဏခွာ……
ကိုယ့်အိမ်ကလေးကို အပြေးပြန်လာခဲ့မယ် ………
"မထိရ" လို့ကိုယ်ရေးကပ်ထားခဲ့တဲ့ ကိုယ့်စာအုပ်စင်လေး အပါအဝင်
မိသားစု တွေအားလုံးက
………… လှိုက်လှဲ နွေးထွေးစွာ ကြိုဆို နေကြပါလိမ့်မယ် :) :) :)
………… လှိုက်လှဲ နွေးထွေးစွာ ကြိုဆို နေကြပါလိမ့်မယ် :) :) :)

0 Comments