ပျားတစ်ကောင် ၏ ဇာတ်လမ်း
*********************
calamine lotion ကို ဝယ်ဖို့ အတွက်
ပျားတုပ် ခံခဲ့ရတဲ့ allergy ဒဏ်ရာ …
ခါတိုင်းလို …
သူကိုယ်တိုင်ရဲ့ အေးမြတဲ့ ဂုဏ်သတ္တိနဲ့
မပြေပျောက်နိုင်ခဲ့ပါ……။
Trade name ကို generic name အဖြစ်ပြန်ပြန်ဖြေ……
ဒီလိုနဲ့ စနေ တနင်္ဂနွေ အားလပ်ရက် တွေ
……စာအုပ်တွေရဲ့ ပိုင်နက်ကနေ
ပဲ့ပဲ့ကျသွားတာလည်း ……များခဲ့ပြီ………။
calculator တစ်ခု ကိုင် …
စီးပွားရေး ဘာသာရပ် နဲ့ ဘာမှ လည်း မဆိုင်ပါပဲ …
ဈေးနှုန်းတွေ တချောက်ချောက်တွက် ……
…အသိတွေ …
အက် ကွဲ ခမ်းခြောက် ………
…ထိုနှစ်ယောက်………
ထိုတစ်နှစ်ယောက်……တဲံ
……Trade name ကို ကိုယ်စားပြုသူတွေကြားမှာ……
ဆရာ လိုလို ....ခပ်မြောက်မြောက်နဲ့ ……
သိပ်မမြင်ဖူးတဲ့ oncology က Generic name တွေကိုတော့ ခပ်ကြောက်ကြောက် ……။
"တာဝန် က တာဝန် " ပဲ ဆိုတဲ့စကားကြီးတစ်ခွန်းက …
ကိုယ့်ဝါသနာမြေသြဇာကြောင့်
တမြမြ စိမ်းစိုနေတဲ့ ပန်းခင်းလေးတွေရဲ့
ပိုင်နက် အချိန် အထိ ……
တယ်လီဖုန်းကနေ တစ်ဆင့်ရောက်ရောက် လာသေးတယ် ……
နားလည်တတ်လွန်းတဲ့ ချစ်သူကို …
အလိုလျောက် လွမ်းနေ မိတာက တစ်မှောင့် ………။
ဟေ့ ……acetamenophan ခေါင်းဆောင်တဲ့အုပ်စု……
မင်းတို့ သိအောင် တစ်ခု ပြောမယ်………
ကျန်သော injection , OD , နှင့် ကျန်အပေါင်းအပါများကိုပါ လက်ဆင့်ကမ်းလိုက်………။
……စိတ်ချ……
ဘယ်လောက် ပင်ပန်းပန်း
ကိုယ်နှစ်သက် မြတ်နိုးတဲ့ နယ်ပယ်……
ကိုယ့် ဂုဏ်သတ္တိ နဲ့ သိပ်မလိုက်ဖက်တဲ့နေရာ……
တန်ဖိုး ထားမှုကာလာ သိပ်မရင့်သေးတဲ့ ဝန်းကျင်မှာ……
မင်းတို့ကို လက်တွဲ……
အနာဂတ်ကို ရဲရဲ ကြီး လျှောက်လမ်း ဦးမယ်………
ကိုယ့် ကဗျာတွေနှင့် အတူ ………………။
တင်ဒါကြောင့် အလုပ်များနေသောHospital pharmacist များ အားလုံး အတွက် ………
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments