ဒသဂီရိ အချစ်နဲ့ ကိုကိုchemist
*************************
*************************
volume နဲ့ Pressure မှ မဟုတ်ကြတာ…
ပြောင်းပြန် အချိုးကျဖို့လိုပါသလား……
သီတာ …………?
ပြောင်းပြန် အချိုးကျဖို့လိုပါသလား……
သီတာ …………?
မင်း အမုန်းက boiling point မှတ်မှာ……
ကိုယ့် အချစ်တွေက absolute zero temperature……
မင်းက…
ဟိုး…………အဝေးဆုံးက
သာနေတဲ့ကိုယ့်လမင်း……
Gas တွေလို ပျံ့နှံ့လွယ်တဲ့ အတင်းအဖျင်း……တွေကိုမမှု……
(ကဲ…ပြောကြစမ်း...)
မင်းကို ပိုငိဆိုင်ဖို့ တရားသောစစ်ကို
ကိုယ်…ခင်းကျင်းမယ်………။
ကိုယ့် အချစ်တွေက absolute zero temperature……
မင်းက…
ဟိုး…………အဝေးဆုံးက
သာနေတဲ့ကိုယ့်လမင်း……
Gas တွေလို ပျံ့နှံ့လွယ်တဲ့ အတင်းအဖျင်း……တွေကိုမမှု……
(ကဲ…ပြောကြစမ်း...)
မင်းကို ပိုငိဆိုင်ဖို့ တရားသောစစ်ကို
ကိုယ်…ခင်းကျင်းမယ်………။
ရေခဲတွေတောင် အပူချိန်တစ်ခုရောက်ရင်
ပျော်ဝင်ကြသေးတာ……
မင်းရဲ့ နှလုံးသား ……
ဘာသားနဲ့ထွင်း……
ဘယ်လို ……အဆင်းသွင်သဏ္ဍာန်ပါလိမ့်……
……မာကျောလိုက်တာ………။
ပျော်ဝင်ကြသေးတာ……
မင်းရဲ့ နှလုံးသား ……
ဘာသားနဲ့ထွင်း……
ဘယ်လို ……အဆင်းသွင်သဏ္ဍာန်ပါလိမ့်……
……မာကျောလိုက်တာ………။
မင်းနှလုံးသားရဲ့
နှိုင်းရ ဒြပ်ထု သိပ်သည်းဆကို
တွက်ချက်ကြည့်မယ်……
……တဆိတ်……
ပြုံးစမ်းပါ……သီတာရယ်……။
နှိုင်းရ ဒြပ်ထု သိပ်သည်းဆကို
တွက်ချက်ကြည့်မယ်……
……တဆိတ်……
ပြုံးစမ်းပါ……သီတာရယ်……။
သူများဓာတ်တိုးဖို့
ကိုယ်ဓာတ်လျော့ပေးရတဲ့
oxidizing agent လို ……
နာမည်ကောင်းယူပြှီး
သမိုင်းကိုမြှင့်တင်သူ မဖြစ်ချင်ပါဘူး
……သီတာ……။
ကိုယ်ဓာတ်လျော့ပေးရတဲ့
oxidizing agent လို ……
နာမည်ကောင်းယူပြှီး
သမိုင်းကိုမြှင့်တင်သူ မဖြစ်ချင်ပါဘူး
……သီတာ……။
မင်းမျက်ရည်တွေကို……
ကမ္ဘာပျက် မတတ် ကြောက်နေမိရုံလေး……
(ကျေးဇူးပြု၍)
တိတ်ပေးပါလားကွယ်………။
ကမ္ဘာပျက် မတတ် ကြောက်နေမိရုံလေး……
(ကျေးဇူးပြု၍)
တိတ်ပေးပါလားကွယ်………။
ဒီလိုနဲ့ ……
ဓာတ်ပြုပစ္စည်း နဲ့ ဓာတ်ဖြစ်ပစ္စည်း
အရေအတွက် ချင်း တူတူပဲ ဆိုတာဟာ……
chemistry မှာပဲ ရှိတယ် ……လို့ သိလိုက်ရတဲ့ည……
……
သီတာကို ကိုယ်လက်လွှတ်လိုက်ရတယ်။
ဓာတ်ပြုပစ္စည်း နဲ့ ဓာတ်ဖြစ်ပစ္စည်း
အရေအတွက် ချင်း တူတူပဲ ဆိုတာဟာ……
chemistry မှာပဲ ရှိတယ် ……လို့ သိလိုက်ရတဲ့ည……
……
သီတာကို ကိုယ်လက်လွှတ်လိုက်ရတယ်။
(ဒသဂီရိရဲ့ ခံစားချက်ကို chemistry ရှုထောင့်ကရေးကြည့်တာ :P :P :P )
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)



0 Comments