မိတ်ဆက်
*******
*******
မဆိုစလောက် ဂုဏ်ထူး…
လိမ်ဖယ် လိမ်ဖယ် အမှတ်ကလေးနဲ့ ……
Pharmacy က Lecture အခန်းတွေပေါ်မှာ အိမ်မက် မက်ခွင့်ရ …
……ဒီလိုနဲ့ …
Bechalor တစ်ခုကို ယက်ကန် ယက်ကန်နဲ့ရခဲ့တယ်……။
လိမ်ဖယ် လိမ်ဖယ် အမှတ်ကလေးနဲ့ ……
Pharmacy က Lecture အခန်းတွေပေါ်မှာ အိမ်မက် မက်ခွင့်ရ …
……ဒီလိုနဲ့ …
Bechalor တစ်ခုကို ယက်ကန် ယက်ကန်နဲ့ရခဲ့တယ်……။
ပုံပြင်တွေမဟုတ်ခဲ့ပါဘူး……
castor oil ဘူးကြီး တစ်ဘူးလုံး မှောက်ချခဲ့ဖူးတယ် …။
x40 နဲ့ slide ထုတ်မိလို့ ဆရာမကိုခွင့်လွှတ်ပေးဖို့ သွားဖြီးပြဖူးတယ်……။
acid နဲ့ base ကို နေရာ မှားပြီးထည့်
Titration မှာ ပေါက်ကရအဖြေတွေရခဲ့ဖူးတယ်။
Titration မှာ ပေါက်ကရအဖြေတွေရခဲ့ဖူးတယ်။
အတွေးနယ်လွန်ပျော်ကာမြူး
အဆောင်က အခန်းသော့ကို
ရှာမတွေ့ လို့ ရိုက်ဖျက်ဖူးတယ်……။
အဆောင်က အခန်းသော့ကို
ရှာမတွေ့ လို့ ရိုက်ဖျက်ဖူးတယ်……။
စာမေးပွဲချိန် မှာ ကယောင်ကတမ်းဖြစ်
မီးပူတိုက်ရမယ့် အဝတ်တွေကို
မှားပြီး လျှော်ပစ်ဖူးတယ်……။
မီးပူတိုက်ရမယ့် အဝတ်တွေကို
မှားပြီး လျှော်ပစ်ဖူးတယ်……။
ဖြေခဲ့တဲ့ MCQ တွေကို မှားလား မှန်လားတွေး…
လွယ်အိတ်ကြီး မေ့ကျန်ခဲ့လို့
ဆရာမက လိုက်ပေးခဲ့ရဖူးတယ်……။
လွယ်အိတ်ကြီး မေ့ကျန်ခဲ့လို့
ဆရာမက လိုက်ပေးခဲ့ရဖူးတယ်……။
ဂျုတီကုတ်ကို ခေါင်းမှာအုပ်
အဆောင် နဲ့ ကျောင်းကြားမှာ
နေလောင်ခံ ကိရိယာ တစ်ခုလည်း လုပ်ခဲ့ဖူးတယ်………။
အဆောင် နဲ့ ကျောင်းကြားမှာ
နေလောင်ခံ ကိရိယာ တစ်ခုလည်း လုပ်ခဲ့ဖူးတယ်………။
မြန်မာစာနဲ့ အလှမ်းဝေးတဲ့ကျောင်းကြီးက
လိပ်ပြာရောင်စုံတွေရဲ့ ကြားမှာ……
ဘယ်တော့မှ ပုံစံမပြောင်း
ကျစ်ဆံမြီးရှည်ကြီး တစ်ချောင်းနဲ့
ပထမနှစ်တစ်နှစ်တည်းမှာသာ ထိတွေ့ရတဲ့ ……
ဂုဏ်ထူးရ မြန်မာစာ လက်မှတ်ကြီးကိုကိုင်
အူကြောင်ကြောင်နဲ့ ငိုင်နေခဲ့ဖူးတယ်။
လိပ်ပြာရောင်စုံတွေရဲ့ ကြားမှာ……
ဘယ်တော့မှ ပုံစံမပြောင်း
ကျစ်ဆံမြီးရှည်ကြီး တစ်ချောင်းနဲ့
ပထမနှစ်တစ်နှစ်တည်းမှာသာ ထိတွေ့ရတဲ့ ……
ဂုဏ်ထူးရ မြန်မာစာ လက်မှတ်ကြီးကိုကိုင်
အူကြောင်ကြောင်နဲ့ ငိုင်နေခဲ့ဖူးတယ်။
တစ်သက်နဲ့တစ်ကိုယ် …
နှလုံးသွေးထဲက စိမ့်လျှံ ကျလာတဲ့ ……
ဆရာ့အကြောင်းကဗျာ တစ်ပုဒ် နဲ့ပတ်သတ်တာက လွဲရင်
ကျောင်းရဲ့ တဖိတ်ဖိတ် လက်နေတဲ့
သမိုင်းဝင်ရက်တွေရဲ့ …
ဟိုး……အဝေးဆုံးမှာ …………
……ယောင်ချာ……ယောင်ချာနဲ့………။
နှလုံးသွေးထဲက စိမ့်လျှံ ကျလာတဲ့ ……
ဆရာ့အကြောင်းကဗျာ တစ်ပုဒ် နဲ့ပတ်သတ်တာက လွဲရင်
ကျောင်းရဲ့ တဖိတ်ဖိတ် လက်နေတဲ့
သမိုင်းဝင်ရက်တွေရဲ့ …
ဟိုး……အဝေးဆုံးမှာ …………
……ယောင်ချာ……ယောင်ချာနဲ့………။
ဒီလိုနဲ့ပဲ …
ကြိုးစားရင်း……
စိတ်ပျက်ရင်း……
အားတက်ရင်း……
စိတ်ပျက်ရင်း……
အားတက်ရင်း……
ခင်မင်ရင်း…
လေးစားရင်း……
ရိုကျိုးရင်း……
လေးစားရင်း……
ရိုကျိုးရင်း……
ရုန်းကန်ရင်း…
ကျက်မှတ်ရင်း……
လေ့လာရင်း………။
ကျက်မှတ်ရင်း……
လေ့လာရင်း………။
သံယောဇဉ်တွေ အထပ်ထပ်……
ရစ်ပတ်လာလိုက်တာ……
……
ကျောင်းတော် ကြီးနဲ့ပတ်သက်သမျှ …
senior junior အသစ်တွေနဲ့ သိခွင့်ရ တဲ့အခါ…………
ရစ်ပတ်လာလိုက်တာ……
……
ကျောင်းတော် ကြီးနဲ့ပတ်သက်သမျှ …
senior junior အသစ်တွေနဲ့ သိခွင့်ရ တဲ့အခါ…………
အခက်အခဲတွေကြား က ……
ကမ္ဘာပျက် စာမေးပွဲည …
ကြုံခဲ့ရတဲ့ ……
အမှတ်တရတွေကို တွေး
ခပ်ဖြေးဖြေး လေး ပြုံးတတ်လာခဲ့ပါပကောလေ………။
(တစ်နေ့တည်းနဲ့ Pharmacy က အယောက်နှစ်ဆယ်လောက် လာအပ်ထားတာတွေ့လို့ ပျော်လို့ပါ……:) )
Very nice to meet you all !!!
Have a nice day pharmacists!!
Have a nice day pharmacists!!
WHP
(pharmacy မှ ပေါက်ကရများရေးနေသူ တစ်ဦး )
(pharmacy မှ ပေါက်ကရများရေးနေသူ တစ်ဦး )



0 Comments