ဗရုတ်သုတ်ခ စာတစ်ခု ရေးလိုက် pharmacist တွေ အသစ်လာလာ ထပ်add လိုက်နဲ့ account ထဲမှာ ကိုယ့် field က သူတွေ များများလာတော့ ပျော်တယ်။ စည်းလုံးတယ်ပဲပြောပြော မျက်နှာလိုက်တယ်ပဲဆိုဆို pharmacist တွေ အများကြီးနဲ့သူငယ်ချင်းဖြစ်ခွင့်ရတာ အရမ်းပျော်ပါတယ်။
တကယ်လို့ကျွန်မရဲ့ ပေါက်ကရစာလေးတွေက pharmacist အသိတွေကို ထပ်တိုးစေတယ် ဆိုရင်တော့ အဲ့ဒီစာလေးတွေကို အရမ်းကျေးဇူးတင်မိမှာပါပဲ။စည်းလုံးတတ်တဲ့ အချင်းချင်းလေးစားချစ်ခင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ စီနီယာ ဂျူနီယာတွေကြောင့် ကျွန်မတို့ရဲ့ field လေးဟာ ပျော်ရွှင်သာယာတဲ့အသိုက်အဝန်းလေးတစ်ခုဆိုတာ စာတွေများတဲ့အတွက် ပျော်စရာ သိပ်မရှိဘူး လို့ထင်နေကြတဲ့  ကျောင်းတက်နေဆဲ ဂျူနီယာ ညီမလေးတွေနဲ့ အနည်းငယ်မျှသောမောင်လေးတွေကို သိစေချင်ပါတယ်။
ကျွန်မဟာ ကျောင်းတုန်းက စာတော်တဲ့အထဲမပါပါဘူး။ခပ်ညံ့ညံ့လို့တောင် ပြောလို့ရပါတယ်။Practical မှာပေါက်ကရတွေလုပ်လိုက်။အားတဲ့အချိန် ဟာသ ကဗျာတွေရေးလိုက် ဘာသာပြန်ဝတ္ထုတွေဖတ်လိုက်။စာမေးပွဲနားနီးမှ စာကို အသေအလဲ ကြုံးကျက်လိုက်။ပြောမယ့်သာပြောတာ စာမေးပွဲကလည်း အမြဲကို နီးနေတာပါပဲ :/ :/ :'( :'(
ဒီလိုနဲ့တစ်နှစ်တစ်တန်းမှန်မှန်လွတ်ရုံအောင်ခဲ့ရုံလေး။ကျူတိုရီရယ်တွေကျဖူးတယ်။test တွေလည်း အမှတ်မကောင်း။ဒါပေမယ့် ကျောင်းပြီးတာနဲ့ ဘွဲ့ယူပြီးနောက်တစ်နေ့မှာပဲ အလုပ် တန်းရခဲ့တယ်။တစ်ချို့သူငယ်ချင်းတွေဆိုရင် ဒီနေ့အောင်စာရင်းထွက် နောက်နေ့အလုပ်ရ ဘွဲ့ယူပြီးထိတောင်စောင့်စရာမလိုပဲ pharmacist ဆိုတာနဲ့တင် လိုလားနေကြတဲ့ ဆေး company တွေအထူးကုဆေးခန်းကြီးတွေ အများကြီးပါ။ ကျွနိမအပို မပြောမှန်း အခုလုပ်ငန်းခွင်ဝင်နေတဲ့ pharmacist တွေ အသိပါ။အလုပ်မလုပ်ချင်ရင်သာ ရှိရမယ်။အလုပ်အကိုင်ရှားပါးမှုကို ဘယ်တော့မှ ကျွန်မတို့အတွက် ပြဿနာတစ်ခု အဖြစ် မမြင်စေခဲ့ မဖြစ်စေခဲ့တဲ့ကျောင်း ပါ။ လုပ်ငန်းခွင်ထဲရောက်လေ သင်ပေးခဲ့တဲ့ ဆရာ ဆရာမတွေရဲ့ကျေးဇူးကျောင်းတော်ကြီးရဲ့ ကျေးဇူးတွေ ဖြတ်သန်းလာခဲ့ရတဲ့ ကျောင်းသားဘဝတွေကို ပိုပိုပြီး တန်ဖိုးထား အောက်မေ့တသလေလေပါပဲ။
လုပ်ငန်းခွင်ထဲရောက်တော့ ကျွန်မသတိထားမိတာက ချစ်စရာကောင်းတဲ့စည်းလုံးမှုပါ။ ကိုယ့် field ကို ထိရင် ဆတ်ဆတ်ထိမခံ ဖြစ်တတ်ကြတယ်။pharmacy က လို့ဆိုတာနဲ့ ချက်ချင်း မျက်နှာတွေ ပြုံးဖြီးဖြီး ဖြစ်သွားတတ်ကြတယ်။ကျောင်းရဲ့အကြောင်း ဘာပဲရေးရေး လက်ခုပ်သြဘာတွေပေးတတ်ကြတယ်။ဒါဟာ ကျွန်မတို့ field တစ်ခုလုံး အဖိုးတန်တဲ့ မြတ်နိုးဖွယ် ယဉ်ကျေးမှု နားလည်မှုလေးတစ်ရပ်ပါ။
ဒါကြောင့် ဘယ်လောက်စာတွေများများ စိတ်ဓာတ်မကျပါနဲ့။ဘယ်သူတွေက ဘယ်လိုပြောပြော ဒေါသလည်းမထွက်ပါနဲ့။ကျွန်မတို့ဘယ်လို ကြိုးစားရုန်းကန်ခဲ့ရတယ်။ဘယ်လောက်အထိစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြရတယ်။စိတ်ဖိစီးမှုတွေ များခဲ့ကြ စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ် ဆိုတာ ကျွန်မတို့အသိဆုံးပါ။ အချိန်တန်တဲ့အခါမှာ ကျွန်မတို့ စိုက်ပျိုးခဲ့တဲ့ ပညာသစ်ပင်ရဲ့ အသီးအပွင့်တွေကို ကျွန်မတို့ ခံစားရရှိကြမှာ အသေအချာ ပဲဆိုတာ လုပ်ငန်းခွင်အသီးသီးက pharmacist တွေက သက်သေပြနေကြပါတယ်။ ဒါကြောင့် စိတ်ညစ်ခြင်းတွေရှိလာတဲ့အခါဟိုးတစ်ချိန်ကျောင်းတော်က ကြိုးစား ရုန်းကန်ခဲ့ရတဲ့အမှတ်တရတွေကို ပြန်တွေးပြီး စိတ်ညစ်ခြင်းတွေကို အေးအေးဆေးဆေး ရင်ဆိုင်လိုက်ကြရအောင်။
Ygn ,Mdy နှစ်ကျောင်းလုံးမှ ……
P -olite ယဉ်ကျေးသော
H -onest ရိုးသားသော
A - ngel နတ်သမီးတမျှ လှပသော :P
R - eally bright အမှန်တကယ်ကို ဥာဏ်ထက်မြက်၍လင်းကျင်းတောက်ပသော
M - aster brains စူပါ ဦးနှောက်ပိုင်ရှင်များဖြစ်ကြသော
A -bility to create drugs
ဆေးများကို ဖန်တီးနိုင်သည့် လက်အစုံကို ပိုင်ဆိုင်ကြသော
C -ourage ရဲစွမ်းသတ္တိရှိသော
I - ntelligent လိမ္မာပါးနပ်၍ နားလည် သဘောပေါက်လွယ်သော
S -pecial သာမန်မဟုတ်သော ထူးခြားသော အာဂဖြစ်သော
T- alent ပင်ကိုစွမ်းရည်နှင့် ကျွမ်းကျင်မှုရှိသော
(P.S ကိုယ့်ဘာသာဖွင့်တဲ့ ဒက်ဖနေးရှင်း :P :P
)
Pharmacist များ နှင့်ခင်မင်ခွင့် ရသည့်အတွက် အလွန်ပျော်မိပါတော့သည် ။
ခင်ခွင့်ရလို့ ပျော်ရွှင်နေ ……
ကောင်းသောနေ့လေး ဖြစ်ပါစေ အားလုံးသော pharmacist တွေ ………
Nice to meet you ……
Have a nice day , Pharmacists !
WHP (pharmacy မှပေါက်ကရများရေးနေသူ အပေအတေတစ်ဦး )



0 Comments