သူ
**
မအားတဲ့ကြားက အလုအယက် စကားပြောပေးတတ်သူ
မအားတဲ့ကြားက နှင်းဆီပန်း လေးတွေ album အဖြစ် ဝင်ဝင် သိမ်းပေးသူ
မအားတဲ့ကြားက ဖတ်စရာ စာကောင်းပေမွန်လေးတွေ ပေးပို့တတ်သူ
မအားတဲ့ကြားက လိုအပ်တဲ့ ဆေးနာမည်တွေ တွေ့အောင်ရှာပေးသူ
မအားတဲ့ကြားက ဖုန်းဆက်ဖို့မမေ့တဲ့သူ
မအားတဲ့ကြားက ဘုရားအာရုံပြုအိပ်ဖို့ သေချာမှာတတ်တဲ့သူ
မအားတဲ့ကြားက အစားအသောက်က အစ အသေးစိတ်မေးတတ်သူ ……
မအားတဲ့ကြားက မေးခွန်းတွေဂရုတစိုက်မေး
အစစအရာရာ ကူညီဖေးမပေးတတ်တဲ့သူ
တကယ်ချစ်တတ်တဲ့သူ အတွက် "မအားဘူး" ဆိုတာ အကြောင်းပြချက် မဟုတ်ကြောင်း မအားတဲ့ကြားက အခိုင် အမာ သက်သေပြခဲ့တဲ့သူ …………။
အလုပ်တွေရှုပ်တတ်တဲ့သူ…
အရှုပ်တွေ မလုပ် တတ်တဲ့သူ……
အပြောမချို တတ်တဲ့သူ……
အပို မပြောတတ်တဲ့သူ……
ချစ်ခြင်းမေတ္တာကို …
စကားလုံးထက် အပြုအမူတွေထက်ဖော်ပြတတ်တဲ့သူ……
မျက်စိကိုမှိတ် တစ်ရေးအိပ်စဉ်
အတွေးထဲ ခိုးဝင်လာတတ်သူ ……
ဝေ့လွင့် ဝဲပျံ အတွေး နံရံမှာ
ကြာကြာ အရိပ်ထင်နေတတ်သူ ……
အချိန် အပိုင်းအခြား တစ်ခုအထိ ……
အိမ်မက်တွေကို တံတားခင်း ပြီး
အပျော်တွေကို ခေတ္တဖန်ဆင်း
ပင်ပန်းခက်ခဲမှုတွေကို နင်းဖြတ်ရင်း
အားတင်းထားလိုက်ပါ ……
…ချစ်သူ…………။
ရည်ရွယ်ချက်တွေပြည့်စုံတဲ့နေ့တွေကို
စိန်ရောင်ပြေးယှက် ဖြူလက်လက် စိတ်ကူးတွေနဲ့ ……
နီတျာဆွေးဆွေး ပတ္တမြား တေး ကဗျာတွေနဲ့
လက်ချိုးရေတွက် မျှော် လင့်ကြလျက် ……
……
ဘယ်လောက်ခက်ခဲတဲ့ ပစ္စုပ္ပန်တွေပဲဖြစ်ဖြစ်……
ကျော်ဖြတ်ကြမယ်……
ကိုယ်ရယ်……
မင်းရယ် …
နားလည်မှုအပြည့်လင်းလက်
ချစ်ခြင်း အဆက်ဆက်တွေရယ်……
……
ကဲ ……
ဘာလိုသေးပါသလဲကွယ် ……………။

Post a Comment

0 Comments