စံပယ်ပန်းတွေ ပိုဖြူစေတဲ့နေ့
********************
ရိုးရိုးလေးပါပဲ
ကိတ်မုန့်တစ်လုံး
စတီးဓားတစ်ချောင်း
ဖယောင်းတိုင် လေးငါးတိုင်……။
……
လေတိုက်လို့ငြိမ်းသွားတာတွေပြန်ပြန်ညှိ …
သူတို့လေးတွေရဲ့ လက်ခုပ်သံအဆုံး…
ပျော်ရွှင်စွာ …ပိုင်းဖြတ်မိတယ်……
ကိတ်မုန့်သာ မက
သူတို့ရဲ့ "နားမလည်တဲ့ " သင်္ချာ တွေ အပါအဝင်……။
ပျော်နေလိုက်ကြတာများ……
…ဘာအလှအပ မှ မသုံးပဲ
အပြုံးလေးတွေ ……
သန့်ရှင်းဖြူစင်…
အနာဂတ်အတွက် အားမာန်တွေ
ပြိုးပြက်လက်ထင်…လို့။
အဝတ်အစား သစ်သစ် လွင်လွင်နဲ့
လက်ဖြာတောက်ပ…
ပကာသန တွေ ရဲ့အဝေးဆုံး……
ကြိုးစားမှုအပြည့်နဲ့ သူတို့ရဲ့ "တီချယ့်အတွက်မွေးနေ့လက်ဆောင်……"

မောပန်းတကြီး တွက်ထားတဲ့
သင်္ချာ စာအုပ်လေးတွေကို ထောင်……လို့။
အမြင့်မတင် တော်မဝင်လည်း
ဘာဖြစ်ပါသေးလဲ …။
ဘဝ တိုက်ပွဲမှာ ကြံ့ကြံ့ခံရင်း ……
လောက ကြီး တစ်ခုလုံးစာ
အားရပါးရလင်းကျင်းပြလိုက်စမ်းပါ…ကလေးတို့ရယ်…။
စံပယ်ပန်းတွေ
မွှေးမြ လန်းကြူ
လောက ကို အလှဆင်တဲ့ သူ တွေဖြစ်တဲ့နေ့……
အဲ့ဒီနေ့မှာ……
အားရပါးရ လက်ခုပ်တီး ……
ပီတိ သီချင်းတစ်ပုဒ်ကို ညည်းဆိုကာ…
လောကကြီးကို သဲတစ်ပွင့်စာ (ကလေးဖြစ်ဖြစ်)
ပိုလှစေချင် …လို့ပါ……။
ဒီလိုနဲ့
စံပယ်တစ်ခင်းစိုက်ရင်း…
သင်္ချာ နေ့မှာ ခင်းကျင်း တဲ့ မွေးနေ့ပွဲ ……
ရိုးရှင်းလှပေမယ့် ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး………။
(မွေးနေ့လက်ဆောင်အဖြစ် သင်္ချာတွေ အပုဒ်ပေါင်း ရာနဲ့ချီပြီး 
တွက်ပစ်ကြတဲ့ ပညာဒါနက တပည့်လေးတွေ ကို အရမ်းချစ်လို့ပါ :) )
ဆက်သွယ်လှူဒါန်းလိုပါက
တမာပင်ပညာဒါန ကျောင်း
မင်းကြီးညိုရပ် ပန်းပဲရပ်ကွက်
တောင်ငူ
ဖုန်း
ဆရာတော် အရှင်ကောဝိဒ (တမာပင်ကျောင်းတိုက် ဆရာတော်)
0949430091
ဒေါ်ယဉ်ထွေး
09 428168832
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments