ငါမုန်းရမည့်သူ
**********
မောင်နီမှိုင်း (ကျောက်တန်း)
**********
မောင်နီမှိုင်း (ကျောက်တန်း)
တစ်ခါတစ်ခါ
ဘာရယ်မဟုတ်
ငုတ်တုတ်ထိုင်တွေးရင်းနဲ့
ရင်ထဲဆူဝေ
ဒေါသတွေသစ်
သောက တွေဖြစ်
ကိုယ့်အပြစ် ကိုယ်မမြင်
ပုထုဇဉ်ပီသစွာ
'ငါမဏ္ဍိုင် " မယိုင်အောင်ထိန်း
ငါယိမ်းတွေကရင်း မောခဲ့ ……။
ဘာရယ်မဟုတ်
ငုတ်တုတ်ထိုင်တွေးရင်းနဲ့
ရင်ထဲဆူဝေ
ဒေါသတွေသစ်
သောက တွေဖြစ်
ကိုယ့်အပြစ် ကိုယ်မမြင်
ပုထုဇဉ်ပီသစွာ
'ငါမဏ္ဍိုင် " မယိုင်အောင်ထိန်း
ငါယိမ်းတွေကရင်း မောခဲ့ ……။
တစ်ခါတစ်လေလည်း
ငါဝဲဂယက်မှာ
အတက်အဆင်းအနိမ့်အမြင့်
မချင့်ချိန်မစဉ်းစား
အသိတရားမှေးမှိန်
(ဒီလိုနဲ့……)
နေဝင်ချိန်နီးလာရင်……။
ငါဝဲဂယက်မှာ
အတက်အဆင်းအနိမ့်အမြင့်
မချင့်ချိန်မစဉ်းစား
အသိတရားမှေးမှိန်
(ဒီလိုနဲ့……)
နေဝင်ချိန်နီးလာရင်……။
ငါ့ဇနီး
ငါ့သမီး ငါ့သား
ငါထားလာတဲ့အတ္တက
ငါ့ဘဝကို အပူဟပ်အောင်
ငါလက်ယပ်ခေါ်မိတာမျိုးလို့
ငါ့စိတ်ကိုလှုပ်နှိုးမိမှ
နောင်တ အသိလင်းလက်
တစ်မဂ်တစ်ဖိုလ် မရတောင်
အသက်မတိုသမျှ ကျင့်ကြံ
သတိပဋ္ဌာန် နဲ့ ဖြစ်ပျက်ရှု
ရှုတဲ့စိတ်မှာ အဖြေရှာတော့
ငါ မဟုတ် ..
သူမဟုတ်
ရုပ်နဲ့နာမ် အတွဲအစပ်တဲ့ …
ငါပြတ်မှဇာတ်လမ်းဆုံး……
(ငါ့ကိုယ်ငါ)
ငါမုန်းမှဖြစ်တော့မယ် ………။
ငါ့သမီး ငါ့သား
ငါထားလာတဲ့အတ္တက
ငါ့ဘဝကို အပူဟပ်အောင်
ငါလက်ယပ်ခေါ်မိတာမျိုးလို့
ငါ့စိတ်ကိုလှုပ်နှိုးမိမှ
နောင်တ အသိလင်းလက်
တစ်မဂ်တစ်ဖိုလ် မရတောင်
အသက်မတိုသမျှ ကျင့်ကြံ
သတိပဋ္ဌာန် နဲ့ ဖြစ်ပျက်ရှု
ရှုတဲ့စိတ်မှာ အဖြေရှာတော့
ငါ မဟုတ် ..
သူမဟုတ်
ရုပ်နဲ့နာမ် အတွဲအစပ်တဲ့ …
ငါပြတ်မှဇာတ်လမ်းဆုံး……
(ငါ့ကိုယ်ငါ)
ငါမုန်းမှဖြစ်တော့မယ် ………။
မောင်နီမှိုင်း (ကျောက်တန်း)
ကြိုက်နှစ်သက်သော ကဗျာလေးများနှင့် ရင်တွင်းဖြစ်ခံစားချက်များ ပေးပို့နိုင်ပါသည်။
အမြဲခင်လျက်
ဝတ်မှုံလေး
ဝတ်မှုံလေး


0 Comments