အထုပ်ကလေး
**********
မင်းယဉ်စု
**********
မင်းယဉ်စု
မရှိဝမ်းစာ ရှိတန်ဆာတည့်
ကမ္ဘာချီပြီး ဤ ခေတ်ကြီးမှာ
ပစ္စည်း သင်္ခါရ လူသင်္ခါရ
ဘာမျှမမြဲ ရှိတတ်စွ…။
ကမ္ဘာချီပြီး ဤ ခေတ်ကြီးမှာ
ပစ္စည်း သင်္ခါရ လူသင်္ခါရ
ဘာမျှမမြဲ ရှိတတ်စွ…။
ရှိနေစဉ်ခါ ဝင့်ဝင့်ဝါနှင့်
မာနဘဝင်ဖောက် နားထင်ရောက်ပြီး
အမောက်ထောင်ဖို့ မလိုချေ။
မာနဘဝင်ဖောက် နားထင်ရောက်ပြီး
အမောက်ထောင်ဖို့ မလိုချေ။
မရှိလည်း လူ ရှိလည်းလူတည့်
အယူမပြောင်း ကိုယ်သာကောင်းလျှင်
ခေါင်းဘယ်မရွေ့ နှလုံးမွေ့လိမ့်
လက် တွေ့ ရင်းမြစ် ကြောင်းကျိုးစစ် က
အနှစ်မပါ ခွံအကာသို့
သူငါမဟုတ်ဤ နာမ်ရုပ်နှင့်
ဟန်လုပ်နေကြသည်တကား………။
အယူမပြောင်း ကိုယ်သာကောင်းလျှင်
ခေါင်းဘယ်မရွေ့ နှလုံးမွေ့လိမ့်
လက် တွေ့ ရင်းမြစ် ကြောင်းကျိုးစစ် က
အနှစ်မပါ ခွံအကာသို့
သူငါမဟုတ်ဤ နာမ်ရုပ်နှင့်
ဟန်လုပ်နေကြသည်တကား………။
အမှန်သရုပ်
ဟန်မလုပ်နှင့်
အထုပ်ကိုယ့်နောက် မပါချေ။
ဟန်မလုပ်နှင့်
အထုပ်ကိုယ့်နောက် မပါချေ။
မင်းယဉ်စု
*****
ကြိုက်နှစ်သက်သောကဗျာလေးများနှင့် ရင်တွင်းဖြစ် ခံစားချက်များ ပေးပို့နိုင်ပါသည်။
ကြိုက်နှစ်သက်သောကဗျာလေးများနှင့် ရင်တွင်းဖြစ် ခံစားချက်များ ပေးပို့နိုင်ပါသည်။
အမြဲခင်လျက်
ဝတ်မှုံလေး
ဝတ်မှုံလေး


0 Comments