ဝမ်းမနည်းခဲ့ပါဘူး…
ကိုယ် စပျိုးကတည်းက
သဇင်င်္တွေမှ မဟုတ်ခဲ့တာ……
မုရိုးပန်း ဖြူဖြူလေးတွေရေ…
ကိုယ့်ရဲ့ မေတ္တာရေ ကို အားနာသောအားဖြင့်
လေအလွင့်မှာ ခပ်ရိုးရိုးလေး ပွင့်ပေးပါ ……။
စိုးရိမ်ပူပန်ခြင်း တွေကို တနင့်တပိုး မျိုချထားရတာ…
စိတ်ဓာတ်တွေသာ အပူချိန်ဆို ဒီဂရီနဲ့တင်ရေတွေတောင်ခဲလောက်ရဲ့ ……။
လမင်းကြီးနဲ့ ကြယ်တာရာတွေလို မလက်ပေမယ့် …
ပိုးစုန်းကြူးလေးတွေ ဆိုတာ
နေမင်းမလိုသလို ဘက်ထရီ အားကုန်မှာမှ …မပူရတာ……
ဒီလိုနဲ့ …
မျှော်လင့်ချက် လှေအပေါက်ကြီးထဲမှာသောကတွေကို ခပ်ခပ်ထုတ်ရတာ မောလှပြီ ……။
မုရိုး ပွင့် ဆိုတာ …
အလှ သိပ်မသစ် ပေမယ့် …
မာနကင်းစင်ပြီး သိပ်ချစ်ဖို့ကောင်းကြတယ် ……

မင်းတို့ မလှလည်း ကမ္ဘာကြီးက
ဘာမှမပြောင်းလဲပေမယ့်……
မင်းတို့ ရဲ့ မျှော်လင့်ခြင်းတွေ အတွက်
အဖြူရောင် ကံကောင်း ခြင်းတွေ
အစွမ်းကုန်လင်းလက်ကြပါစေကွယ် …………:(
စာသိပ်မတော်တဲ့ တပည့်လေးတွေ အတွက်
ဝတ်မှုံလေး

Post a Comment

0 Comments