တစ်ခါတစ်လေကျတော့လည်း
သင်ယူလေ့လာ ရတာ …
ပင်ပန်းလိုက်တာ…………လို့ထင်မိတယ်…။
အရာအားလုံးကို လွှတ်ချ …
ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့
အေးအေးဆေးဆေးသာ နေပစ်ချင်မိတော့တယ်……။
ဒါပေမယ့် …
ရှေ့မှာ မြင်နေရတဲ့ အောင်မြင်ခြင်းတွေကိုတွေး…
ခပ်ရေးရေးလေး အားတက်မိတယ်…။
ဘယ်လောက် မှောင်မိုက်တဲ့ညပဲဖြစ်ဖြစ်
အချိန် အတိုင်းအတာ တစ်ခု ကိုကျော်ဖြတ်ပြီး တဲ့အခါ
အလင်းရောင်ဖျဖျ က လာတတ်တာပါပဲလေ……။
အလုပ်တွေပင်ပန်းတဲ့အချိန်ဖြစ်ဖြစ်
လေ့လာနေတဲ့စာတွေ နားမလည် ရင်ဖြစ်ဖြစ် …
ကိုယ့်ကိုကိုယ် အဲ့ဒီလို ဖြေသိမိ့အားတင်းမိပါတယ်
ဝတ်မှုံလေး

Post a Comment

0 Comments