ဖြစ်နိုင်လျှင် သဘောထားသေးငယ်သော မိန်းမတို့၏ ထုံးစံအတိုင်း ချစ်သူကို ကျွန်မထံမှ ရုန်းမထွက်နိုင်အောင် ချည်ထားပစ်ချင်မိပါသည် ……။
မျက်ရည်များနှင့်မဟုတ်။ထက်မြက်ရဲရင့်ခြင်းများနှင့်။ လက်သည်းဆိုးဆေးများ
မိတ်ကပ် များနှင့်မဟုတ်။ ကြွယ်ဝသော ဗဟုသုတ များနှင့်။
စိတ်ကောက်စိတ်ဆိုးခြင်းများနှင့်မဟုတ်
သည်းခံနားလည်ခွင့်လွှတ်ခြင်းများနှင့်။ အကူအညီတောင်းခံ၍ မဟုတ်။ မည်သည့် အရာ
မဆို တိုင်ပင်ဖွင့်ဟ ၍ ရနိုင်သော ရဲဘော်ရဲဘက် ကောင်း တစ်ဦးအဖြစ်နှင့်။
အမျိုးသမီးတစ်ဦးတွင် လှပသော ကိုယ်ပိုင်ဟန် ရှိသည်ဟု
ဆိုကြလျှင် ကျွန်မ၏ ပင်ကိုယ်ဟန်ကို အလှပြင်ပစ္စည်းများနှင့်
မွမ်းမံရသည်ကို စိတ် မရှည်လှသည်မှာ ကျွန်မ၏အားနည်းချက်သာ ဖြစ်ပါလိမ့်မည်။်
ကျွန်မ၏ သဘောထားသေးငယ်သော ချည်နှောင်လိုခြင်း အတွက် လိုအပ်သော အရင်းအနှီး
ကြီးကြီးမားမားမှာ "သဘောထားကြီးမားခြင်း" ဟူသောကြိုး ဖြစ်ကာ ထိုကြိုးသည်
"အလှအပ " ကြိုး လောက် မခိုင်ခံ့လျှင်ပင် ကျွန်မ တစ်စိုးတစ်စိမျှ
ဝမ်းနည်းမိလိမ့်မည် မဟုတ်ချေ။
ဝတ်မှုံလေး


0 Comments