မာန
****
"မာနသည် ကြွ သော လက္ခဏာ ရှိပြီး ကျခြင်းသာ အဆုံးရှိ၏.." တဲ့
မိန်းကလေးတစ်ယောက်ဟာ ပညာရပ်ကြောင့် ဖြစ်ဖြစ် အလှတရား ကြောင့်ပဲဖြစ်ဖြစ် မိဘ ဂုဏ်အရှိန် အဝါကြောင့်ပဲဖြစ်ဖြစ် "မာန" ဆိုတဲ့အရာ ဝင်လာတဲ့အခါ သူ့ရဲ့စိတ်အရောင်ရဲ့ထင်ဟပ်မှုကြောင့် ရုပ်ရည်ပါ အကျည်းတန်သွားပါတော့တယ်။
"မာန" သို့မဟုတ် ထောင်လွှားမောက်မာခြင်း ဘာလို့ရှိရလဲလို့ ဆိုရင် (ကျွန်မရဲ့အမြင်အရ) စိတ်အားငယ်လို့ လောဘ တစ်ခု ဝင်လာခြင်းပါပဲ။ စိတ်အေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်မလေး တစ်ယောက်ဟာ ဘယ်တော့မှ သူ့ကိုယ်သူ သူများနဲ့နှိုင်းယှဉ်ပြီး ငါကတော့ သူ့ထက်လှတာ ငါသာလျှင် အလှဆုံး ငါသာလျှင် ပညာအတတ်ဆုံး ဆိုပြီး ပလွှား မောက်မာ နေမှာ မဟုတ်ပါဘူး။ စိတ်အားငယ်တော့ ကိုယ့်ရဲ့ဂုဏ်ပုဒ်တစ်ခုခုကို အားကိုးတယ်။ကိုယ့်ရဲ့အဲ့ဒီဂုဏ်ဒြပ်ကို ဖက်တွယ်တယ်။ အဲ့ဒီရဲ့အကျိုးဆက်အဖြစ် ပိုပိုပြီး အထီးကျန်လာတယ်။ အဲ့ဒီလိုနဲ့ ဟိုးအတွင်းစိတ်ထဲမှာ ထပ်ထပ်ပြီုး စိတ်အားငယ်လာတယ်။ဒါနဲ့ပဲ ကျပြီးရင်းကျ မာန သံသရာထဲကနေရုန်းမထွက်နိုင်ကြတော့ပါဘူး။
လောကကြီးမှာ လူတွေပဲဖြစ်ဖြစ် ပန်းပွင့်လေးတွေပဲဖြစ်ဖြစ်တိရစ္ဆာန်ဖြစ်တဲ့ငှက်ကလေးတွေပဲဖြစ်ဖြစ် ရှိရှိသမျှ အရာအားလုံးဟာ သူ့သဘာဝ နဲ့သူ ချစ်ဖို့ကောင်းနေ လှနေကြတာချည်းပါပဲ။ အဲ့ဒီချစ်ဖို့ကောင်းတဲ့အရာတွေကို မြင်ဖို့အတွက် "ပလွှားမောက်မာခြင်း" ဆိုတဲ့ မျက်နှာဖုံးကို ခတ္တ ခွာချထားပေးဖို့တော့လိုပါတယ်။
အဲ့ဒီအခါ ကိုယ့်ရဲ့မုဒိတာ အပြုံးလေး အောက်မှာ မိမိအပါအဝင်အရာရာဟာ ချစ်ဖို့ကောင်းတာတွေချည်း ဖြစ်နေပါလိမ့်မယ်။
မယုံရင် အဲ့ဒီလိုလေး ပြုံး ဓာတ်ပုံရိုက်ပြီး facebook ပေါ်တင်ကြည့်ပါ။like တွေ အများကြီး ရမှာ သေချာပါတယ် :)
ဝတ်မှုံလေး

Post a Comment

0 Comments