ဇရာနဲ့ဇယား
********
********
ဇရာက ငါ့ကို သင်္ကေတဝါဒကို ပြတယ်
ဇရာက ငါ့ကို သရုပ်မှန်ဝါဒကို ပြတယ်
ဇရာက ငါ့ကို ဆာရီရယ်လစ်ဇင်းကို ပြတယ်
ငါက ထုတွေ အရောင်တွေ စတုတ်တွေ
မျဉ်းတွေများနေတဲ့ ငါ့ဖြစ်တည်ခြင်း အမှန်ကို ပြတယ်
ငါက သန္တိသုခ ရှုမျှော်ခင်းတွေပြတယ်
ငါက အော်တိုမက်တစ်ဇင်း ပန်းချီကားတွေပြတယ်
ငါက အင်ပရက်ရှင်း အထည်စတွေပြတယ်
ငါကမေတ္တာ ကမ္မဋ္ဌာန်း ပန်းခင်းတွေပြတယ်
ငါက ဝေဒနာနုပဿနာ လမ်းမတွေ ပြတယ်
ပြီးတော့……
ငါက ငါ့ဘဝ အံဆွဲထဲကနေ
ပြန်အမ်းငွေ ငါ့အနုပညာကို ဆွဲထုတ်ပြီး
ပြန်အမ်းလိုက်တယ် ။
ငါက ငါ့ဘဝ အံဆွဲထဲကနေ
ပြန်အမ်းငွေ ငါ့အနုပညာကို ဆွဲထုတ်ပြီး
ပြန်အမ်းလိုက်တယ် ။
မောင်ချောနွယ်
ရုပ်ရှင်တေးကဗျာ
၁၉၉၉-စက်တင်ဘာလ
ရုပ်ရှင်တေးကဗျာ
၁၉၉၉-စက်တင်ဘာလ


0 Comments