သဝန်မတိုပါနဲ့
**********
ကိုယ့်ကို အချစ်ဆုံးမို့ ချစ်သူ အဖြစ်အမြတ်တနိုး ရွေးချယ်ခဲ့ပြီးပြီပဲ။မအားလို့ ဖုန်းမဆက်တာလောက်နဲ့ အထင်လွဲပြီး သဝန်မတိုပါနဲ့။**********
ကိုယ့်ကို သူ့နှလုံးသားထဲမှာ အမြဲ ရှိတယ် လို့ ပြောနေပြီပဲ။ကိုယ်ဖုန်းခေါ်လို့ miss call ဖြစ်သွားတာလောက်နဲ့ သဝန် မတိုပါနဲ့။
သစ္စာတွေ တူတူထားခဲ့ပြီးမှပဲ။သူငယ်ချင်း နဲ့ စကားပြောတာလေးတွေ့ ရုံနဲ့ အထင်လွဲပြီး သဝန်မတိုပါနဲ့။
တကယ်ချစ်တဲ့သူကို သဝန်မတိုပါနဲ့။ဘာမဟုတ်တဲ့မာန စိတ်ကလေးတွေကြောင့် အဖိုးတန် အချစ်စစ်ကလေး ပျောက်မှာစိုးလို့။
တကယ်မချစ်ဘူးလို့ သိလိုက်ရတဲ့သူကို သဝန်မတိုပါနဲ့။သစ္စာမရှိတဲ့သူအတွက် ဖြစ်ရတဲ့သောကတွေက ရောဂါတိုးရုံအပြင် အကျိုးမရှိစေလို့။
စောစောစီးစီး သိခွင့်ရလိုက်တဲ့ကံတရားကို ကျေးဇူးတင်ဖို့ကောင်းတယ်လို့ပဲမှတ်လိုက်ပါ။
"ချစ်တယ်" ဆိုတဲ့စကားကို သူပြောရင် နှလုံးသားနဲ့ ခံစားပြီး လေးလေးနက်နက် နားထောင်ပါ။
"စိတ်ညစ်တယ်" ဆိုတာကို သူပြောရင် ကိုယ့်အပြုံးက သူ့အတွက် အားဆေးတစ်ခွက် ရဲ့အမှတ်အသားဖြစ်ပါစေ……။
သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး ဆိုတာ
တစ်ယောက်ရဲ့ ဝမ်းနည်းခြင်းက တစ်ယောက်ရဲ့ပုခုံးပေါ်မှာ စွန့်ခွာနှုတ်ဆက် တစ်ယောက် အပြုံးက တစ်ယောက်အတွက် အားဆေးတစ်ခွက်ပေါ့။
တကယ်တော့
အချစ်ဆိုတာ ဝါးအိမ်ကလေးနဲ့တူတယ် ဘယ်လောက်ပဲ ခိုင်ခံ့အောင်ဆောက်ဆောက် ရာသီဥတု ခပ်ကြမ်းကြမ်းနဲ့တွေ့တဲ့အခါအလွယ်တကူ ပြိုကျ တော့တာပါပဲ
သံယောဇဉ် နဲ့ နားလည်မှုကတော့ သံမဏိအိမ်ကလေး နဲ့တူတယ် ။နှစ်တွေဘယ်လောက်ကြာကြာ ကျိုးပဲ့ပျက်စီးမသွားဘူးလေ……။
ဒါကြောင့်
ကိုယ့်ကို တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ သဝန်မတိုပါနဲ့…။ဘဝရဲ့ ကံအကောင်းဆုံးလက်ဆောင်အဖြစ် လောက ဆူကြုံနိမ့်မြင့် သဘောတရားတွေကိုနားလည်မှုသံမဏိ အိမ်ကလေးတစ်လုံး ဆောက် ချစ်သူနဲ့လှပတဲ့ဘဝခရီးလေးတစ်ခု လျှောက်လှမ်းနိုင်ကြပါစေ……………။
အမြဲခင်လျက်
ဝတ်မှုံလေး
ဝတ်မှုံလေး


0 Comments