နွေဦးသို့ရောက်ပြီ …
နွေးထွေး ခြင်းတွေ ကို ကမ်းလင့်ကြိုကြပြီ …
ချမ်းအေးခြင်း တွေပျောက်မည် ။ပူအိုက်တော့မည် …။
ကုန်လွန်ခဲ့သော အချိန်တို့တွင် ဝမ်းနည်း ခဲ့ကြ ပျော်ခဲ့ကြ အမှတ်တရတွေဖြစ်ခဲ့ကြ ခံစားမှုအမျိုး မျိုးတွေနဲ့ စီးမျော သာယာခဲ့ကြလိမ့်မည်။
မိုး…ပြီးရင်ဆောင်း…
နောက်…နွေ…
ရာသီတွေက တော့ တစ်ရာသီပြီး တစ်ရာသီ ပြောင်း နေမှာပါပဲ …ပြောင်းလဲခြင်းကပဲ အမြဲတမ်း မပြောင်းလဲတဲ့ တရား တစ်ခုမဟုတ်လား။
ဒီလိုနဲ့ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကြီး လည်း တစ်ရာသီစာ ပိုမို ဟောင်းနွမ်းခဲ့ပြန်လေပြီ ……။
သံယောဇဉ်တွေကို ထမ်းပိုးလျက် …
အဲ့ဒီခန္ဓာကြီးဟာ မမြဲသောတရားကို အဖော်ပြုကာ အချိန် ခန့်မှန်းလို့မရနိုင်ပါပဲ ခရီးဆက်ပါလိမ့်ဦးမည်။
ဝတ်မှုံလေး

Post a Comment

0 Comments