မိန်းကလေး တစ်ယောက် ဂုဏ်ယူ ရမယ့် အရာက သူ ယောက်ျားလေး ဘယ်နှယောက်ကို ပိုင်ဆိုင်ခဲ့လဲ ဆိုတာမဟုတ်ဘူး။ယောက်ျားလေး တစ်ယောက်က သူ့အတွက် မိန်းကလေး ဘယ်နှယောက်ကို ငြင်းပယ်နိုင်ခဲ့သလဲ ဆို တာ ဖြစ်တယ် တဲ့
တကယ်တော့ ရည်းစားများတာ ဂုဏ်ယူ စရာ မဟုတ်သလို ကောင်လေးတွေက ကိုယ့်အပေါ် သည်းသည်းလှုပ်ကြိုက်နှစ်သက်တာကလည်း ဂုဏ်ယူစရာ မဟုတ်ပါဘူး။
အပေါ်ယံ အလှတရား ဆိုတာ ဆယ်စုနှစ်အနည်းငယ်ရဲ့ လှည့်စားချက်ကို တောင် ခံနိုင်ရည် မရှိတဲ့အရာ တစ်ခုပါ။ သူ့ကြောင့်ရမယ့် တိမ်းမူးဖွယ်တွေထဲမှာ နစ်မြောမိရင် တဒင်္ဂသာ ပျော်ရွှင်ရပါလိမ့်မယ်။
ကိုယ်ကျင့် တရား မေတ္တာတရား နဲ့ နားလည် ပေးတတ်မှုတွေဟာ တန်ဖိုးထားတတ်တဲ့ ချစ်သူ ကိုယ့်ဆီက မထွက်ခွာ သွားစေတဲ့ အကောင်းဆုံး နဲ့ အခိုင်ခံ့ဆုံး ကြိုးတွေပါပဲ။
တကယ်တော့
မိန်းကလေး တစ်ယောက်အတွက်
ကိုယ့်ကို မြတ်နိုးတန်ဖိုးထားပြီး သစ္စာရှိတဲ့ ချစ်သူ တစ်ယောက်ပိုင်ဆိုင် ခြင်းက သာ ဂုဏ်ယူစရာ ကံကောင်းခြင်းလက်ဆောင်ပါ။
အမြဲခင်လျက်
ဝတ်မှုံလေး

Post a Comment

0 Comments