ပဲခူးမြို့ (သို့မဟုတ်) ပျော်ရွှင်ခြင်းတို့စီးဆင်းရာ ဒေသ (၁)
ကျွန်မရဲ့ဇာတိ က ပဲခူး မြို့ ဖြစ်ပါတယ်။ ကျွန်မ ရဲ့ခြေရာ အထပ်ထပ် နဲ့
အမှတ်တရ များစွာရှိတဲ့မြို့ကလေးပေါ့။ ပဲခူးမြို့ရဲ့အကြောင်း
(ဂုဏ်ယူစွာဖြင့်အတိအကျဖော်ပြရလျှင် ) ထူးခြားလှတဲ့ကျွန်
မတို့မြို့လေးအကြောင်း ပြောစရာတွေက စိတ်ထဲမှာ အလုအယက်ဖြစ်နေကြပါတယ်။
ကျွန်မတို့ပဲခူးမြို့မှာ ထူးခြားချက် လေးခု ရှိပါတယ်။
ပထမ တစ်ချက်က ပေပေါင်း ၃၇၃ ပေ ၉ လက်မ လောက်မြင့်တဲ့
ပဲခူးမြို့ရဲ့ကျက်သရေဆောင် ဆံတော်ရှင် ရွှေမော်ဓော
စေတီတော်မြတ်ကြီးပါ။ကျွန်မတို့ပဲခူးသူ ပဲခူးသားတွေရဲ့ နှလုံးသားထဲက ရတနာ
တစ်ပါးလည်း ဖြစ်ပါတယ်။
ဒုတိယ အချက်ကတော့
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဗျာဒိတ်
ပေးခဲ့တဲ့မြို့ဖြစ်ခြင်းပါ။မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်မှာ
ဒေသစာရီကြွချီအလာ အခု ပဲခူးမြို့ဖြစ်လာမယ့် ဟံသာဝတီနေပြည်တော်ကြီးဟာ
ရေပြင်တွေဖုံးလွှမ်းနေတာပေါ့။ အဲ့ဒီရေပြင်ကနေ ကုန်းငယ်တစ်ခု
ဖြစ်နေတဲ့အစွန်းမှာ ဘုရားရှင်က ရပ်တော်မူတယ်တဲ့။ဟင်္သာတွေ ပျော်မြူးတဲ့
အဲ့ဒီကျွန်းလေးမှာ ဟင်္သာဖိုရဲ့ကျောကုန်းထက်မှာ ဟင်္သာမက
နားနေတာကိုမြင်တော်မူပါသတဲ့။အဲ့ဒီအခါ "အနာဂတေ ဟံသာဝတီနာမ ရာဇဌာနီ ဘဝိဿတိ"
လို့မိန့်တော်မူပါတယ်။ အဓိပ္ပါယ်က နောင်တစ်ချိန်တွင် ဤနေရာသည် ဟံသာဝတီမည်သော
နာမဖြင့် မင်းနေပြည်တော်ကြီး ဖြစ်လတ္တံ့ လို့အဓိပ္ပါယ်ရပါတယ်။ဟင်္သာဖိုရဲ့
ညှာတာ တတ်ပုံကိုအစွဲပြုပြီး ပဲခူးသားလေးတွေဟာကြင်နာတတ်တယ်လို့
လူသိများပါတယ်။(ပဲခူးသူတွေက အနိုင်ယူတတ်တယ် လို့မမှတ်စေချင်ပါဘူး :P
တတိယ ထူးခြားတဲ့အချက်ကတော့ လျောင်းတော်မူ
ရုပ်ပွားတော်မြတ်ကြီးတွေပါ။မြန်မာနိုင်ငံ မှာရော ကမ္ဘာ့နိုင်ငံတွေမှာပါ
တစ်မြို့တည်းမှာ လျောင်းတော်မူ မြတ်စွာဘုရား ရုပ်ပွားတော် သုံးဆူရှိတာ
ကျွန်မတို့ပဲခူးမြို့တစ်မြို့ပဲရှိပါတယ်။ရွှေသာလျောင်း စိန်သာလျောင်း
နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးတွေကို
ကျွန်မတို့ပဲခူးမြို့မှာ ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါတယ်။
နောက်ဆုံးထူးခြားတဲ့အချက်ကတော့ ဘုရင့်နောင်မင်းတရားကြီးရဲ့ အမျိုးဂုဏ်ဇာတိဂုဏ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ပြယုဂ်
ဒုတိယမြန်မာနိုင်ငံတော်ကြီး ရဲ့ ဝင့်ကြွားမှုသက်သေ ကမ္ဘောဇသာဒီ နန်းတော်ြ့ကီးပါပဲ။
ဒုတိယမြန်မာနိုင်ငံတော်ကြီး ရဲ့ ဝင့်ကြွားမှုသက်သေ ကမ္ဘောဇသာဒီ နန်းတော်ြ့ကီးပါပဲ။
တာဝန်နဲ့ ပဲခူးမြို့ရဲ့ မလှမ်းမကမ်း တစ်နေရာ ကို ရောက်နေပေမယ့် ကျွန်မရဲ့မြို့ကလေး ကို အမြဲသတိရနေမိပါတယ်။
မွေးရပ်မြေဆိုတာ လူတိုင်းလူတိုင်း အတွက် ဆွတ်ပျံ့လွမ်းဆွတ်ဖွယ်ရာတွေချည်းသာ မဟုတ်ပါလားလေ။
ဝတ်မှုံလေး



0 Comments