ပိန်သူ၏ ဖြေသိမ့်မှု
**************
"ဝလို့ လှလို့" ဆိုတဲ့ ပတ်ဝန်းကျင်က သူတစ်ပါးကို ချီးမွမ်းသံတွေကြားရင် ကိုးရီးယားကား များများကြည့်ဖြစ်တယ်။ ကိုးရီးယား မင်းသမီးလေးတွေ ပိန်ပေမယ့် အရမ်းလှကြတယ်လေ …။
ဘယ်တော့မှ ကီလို ၄၀ မကျော်တဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ အလေးချိန်ပြကိန်းကို ပြောင်းလဲပစ်ဖို့ ပေါင်ချိန်စက်ပေါ်တက်တိုင်း ကီလို အတော်အတန် လေးတဲ့ ပစ္စည်းတစ်ခု မသိမသာ ကိုင်ထားတယ်။ဘေးလူတွေ ကြားအောင်တမင်ပြောမယ်။"အရမ်းတော့ မပိန်ပါဘူးဟယ်" ။
ကလေးကအစ "မမသေးသေးလေး" လို့ခေါ်တဲ့အခါ စိတ်ဓာတ်မကျတော့ဘူး။ အလုပ်အရမ်းလုပ်တဲ့ ပျားလေးတွေကလည်း သေးသေးလေးတွေပဲလေ။အလုပ်များပြီး ကြိုးစားတဲ့သူဟာ ဒီလိုပဲ
ပိန်တတ်တယ်။ အစားအစာတွေ ကိုဇွဲနဲ့စုဆောင်းတတ်တဲ့ ပုရွက်ဆိတ်ကလေးတွေဟာလည်း ခပ်သေးသေးတွေပါပဲ။ဇွဲရှိတဲ့သူတွေဟာ ဒီလိုပဲ သေးတတ်တယ်။
"ပုရွက်ဆိတ်လောက် ခန္ဓာကိုယ်နဲ့ သွားကြားထိုးတံလောက်ကြိမ်လုံး က်ု ကိုင်တဲ့ ဆရာမလေး"တဲ့
စာသင်ပေးတဲ့ရွာထဲက ပေးထားတဲ့နာမည်…တစ်ခု
ဘာပဲဖြစ်ဖြစ်
slim body တွေ ခေတ်စားနေတဲ့ အခု ခါ
ပိန်တာကို ရှေး ကုသိုလ် ကောင်းလို့ပါ …လို့ပဲ ဖြေသိမ့် …လိုက်ပါတယ်……။
ပွယောင်းတဲ့မှို့တစ်ပိသာနဲ့ ကျစ်လျစ်တဲ့သံတစ်ပိသာ
နေရာယူမှုကွာပေမယ့်
အလေးချိန်ခြင်းကတော့ တူတာပါပဲ…
ဝဖြိုးသူလို အရေပြား ဧရိယာ မကျယ်ဝန်းပေမယ့် ……
ပိန်သူမှာလည်း ပိန်သူ့ စွမ်းပကား နဲ…့
ခါချဉ်ကောင် က တောင်ကြီးကို မဖြိုန်ုင်တာ ဟာ
တကယ်တော့
သူ ဒိုင်းနမိုက်ကို သေချာ မသုံးတတ်သေးလို့ပါ …………
မဟော်သဓာ အရမ်း ဝ တယ်လို့စာမပါသလို
မဟာဇနက မင်းသားကလည်း
ခပ်ပိန်ပိန် မို့သာ
မေခလာ နတ်သမီး ကယ်နိုင်ခဲ့တာနေမှာ ………
နောက်တာပါ ……

ပိန်ပဲပိန်ပိန် ဝပဲဝဝ
ကိုယ်ရထားတာ ကိုယ့်ဘဝ ……
ဒီတော့
ပိန်သေး တဲ့ဘဝမှာလည်း
နေပျော်ရမယ် မဟုတ် ပါလားလေ…… :/ :/  :'(  :P
ဘဝတူပိန်သူ များအတွက်
ရင်တွင်းခံစားချက် စစ်စစ်ဖြင့် နောက်ပြောင်ရေးဖွဲ့သည်။
ဝတ်မှုံလေး

Post a Comment

0 Comments