လောက
*******
ရောင့်ရဲတင်းတိမ်မှု ပလိုင်းကပေါက်နေတယ်
ကိုယ်ချင်းစာနာခြင်း ဖားတွေကောက်ကောက်ထည့်ရင်း
ဒီလိုနဲ့ 
ကျန်ခဲ့တာက
"ဘာမျှ မရရှိခြင်း" ပေါ့ ……
သူရဲကောင်း တွေ အတွက် နေရာ မရှိတဲ့ခေတ်မှာ
သစ်ပြီးသားဘဝတွေသာ ထပ်ထပ် သစ်လာခဲ့တယ်……။
အနာဂတ်ကတော့
တက်ကြွစွာ သံပြိုင်ဟစ်ကြွေး သံတွေကြားထဲမှာ……
မျက်စိသူငယ်နားသူငယ်နဲ့ ……
ပြောရင်းဆိုရင်း
မီးက ဖျတ်ကနဲပျက်သွားတယ် ………
အမှောင်ထဲမှာပဲ
ကဗျာကို ရပ်တန့်လိုက်ရတော့တယ်
ဝတ်မှုံလေး

Post a Comment

0 Comments