ခြင်္သေ့အက
*********
*********
ခြင်္သေ့အကကို တရုတ်ဘာသာစကားဖြင့် ဝူရှီး
(Wshi) ဟုခေါ်သည်။ဝူမှာ တရုတ်ဘာသာစကားဖြင့် အကဟု အနက်အဓိပ္ပါယ်ရပြီး ရှီးမှာ
ခြင်္သေ့ဟု အဓိပ္ပါယ်ရသည်။ ခြင်္သေ့အက ကို များသောအားဖြင့်နွေဦးပွဲတော်
တရုတ်နှစ်သစ်ကူး အခြားတရုတ်ရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးပွဲတော်များတွင် က
ပြ ဖျော်ဖြေလေ့ရှိသည်။တရုတ်လူမျိုးတို့သည် ခြင်္သေ့အက ကို
စီးပွားရေးလုပ်ငန်းအခမ်းအနားများ အထူးအထိမ်းအမှတ် အခမ်းအနားများ
လက်ထပ်ထိမ်းမြား အခမ်းအနားများ နှင့် တရုတ်လူမျိုး အသိုက်အဝန်းတွင်
အထူးဂုဏ် ကျက်သရေရှိ ဧည့်သည်တော် ကြီးများအား ဂုဏ်ပြုကြိုဆိုသော အခမ်းအနားများတွင် သုံးလေ့ရှိသည်။
from knowledge digest ,no.387 ,Feb 2015



0 Comments