အမယ်အို၏ စေတနာ
**************
ငါ့သားမောင်ထွေး လူကလေးရေ……။
သက်သွေး မစွန့်
တို့ရွှင်လန်းရေး
ငြိမ်းချမ်းရေးတွက် …
မတန့်မနား မရပ်အားပဲ …
တောထဲ တောင်ထဲ …
ဆင်းဆင်းရဲ လည်း
ဇွဲမာန်ပြည့်လျှံ
ဒုက္ခခံနေ …
အမေ သနားလှပါပေ……။
ကိုယ်ကျိုးမငဲ့ …
နွမ်းယဲ့ယဲ့ လည်း…
နှလုံးသားထဲ …သစ္စာစွဲ၍ …
ရဲရဲတောက်လျှမ်း…
ခြေလှမ်းများနှင့်
တရားသောစစ် ……
စင် စစ် နိုင်စေ …
တောင်းဆုခြွေ၍
ရေကြည်တစ်ခွက် အမေ့လက်နှင့်
ကမ်းလျက် ကြိုလင့် မိခဲ့သည်………။
အမိမြေကို အသက်သွေးချွေးဖြင့်ကာကွယ်နေသော တပ်မတော်သားများအား ဦးညွတ် ပါ၏ ။
အမြဲခင်လျက်
ဝတ်မှုံလေး

မူရင်း photo ပိုင်ရှင်ကို credit ပေးပါသည် ။

Post a Comment

0 Comments