ဒေါင့်ချိုးများ
(အမှာစာ)
(အမှာစာ)
ဒုက္ခ ဆိုတာ ဒိုင်ယာရီစာအုပ်တစ်အုပ်ပဲ
သုခဆိုတာ အတိုအစတွေရတဲ့ snack ဘားလေးတစ်ခုပဲ
ချစ်သူဆိုတာ လေညင်းသာသာမှာ
လွင့်ပါးသူ ပုဝါ စ လေးပဲ
လွင့်ပါးသူ ပုဝါ စ လေးပဲ
ပျော်ရွှင်ခြင်းဆိုတာ ခုန်ပေါက်စားခြင်း တစ်မျိုးပဲ
ဘဝ ဆိုတာ ဓားချက်တွေ မွှန်းထားတဲ့အရှင်လတ်လတ်ငါးပဲ
ယုံကြည်ချက်ဆိုတာ မြစ်လိုမဖြာ
သစ်ပင်လို သီးပွင့်ခြင်းပဲ
သစ်ပင်လို သီးပွင့်ခြင်းပဲ
ခံစားချက် ဆိုတာ
ရေတံခွန် နဲ့ စက္ကူစွန်ပဲ
ရေတံခွန် နဲ့ စက္ကူစွန်ပဲ
လောကကြီးကတော့
ခရီးသည်ကြီးပါပဲ
ခရီးသည်ကြီးပါပဲ
တိမ်တွေကို ကျောပိုးအိတ်လို လွယ်လို့
သစ်တောနဲ့တောင်တန်းတွေကို
ဝတ်ဆင်အိမ်ရာပြုလို့ ……
ဝတ်ဆင်အိမ်ရာပြုလို့ ……
သေခြင်းတရား ဆိုတာ
သောက်ဖော်စားဖက်ပါပဲ ။
သောက်ဖော်စားဖက်ပါပဲ ။
မောင်ချောနွယ်


0 Comments