အလုပ်တွေ မနားမနေ လုပ်ပြီးတဲ့အခါ ……အားလပ် ခြင်း ရဲ့ အရသာ ဟာလည်း တစ်မျိုးလေးပါပဲ …
လူက လွတ်လပ်ပေါ့ပါးနေတယ်။ဝါဂွမ်းတစ်စလို ။ဘယ်လောက် ဖြည်းညင်းတဲ့ လေနုအေး နဲ့ပဲဖြစ်ဖြစ် တွဲခို စီး သွားပစ်လိုက်ချင်တာမျိုး ။ ကိုယ့်ပေါ်မှာ ထမ်းထားရတဲ့ အထုပ်ကြီး တစ်ထုပ်ကို "ဘုန်း" ကနဲ အောက်ကို ပစ်ချလို့ရသွားသလိုမျိုး။အရင်က မလှဘူး လို့ထင်တဲ့ ပန်းကလေးတွေတောင် အရောင်တွေ ပိုကြွ ရွနေသလို။အရာရာဟာ အပေါင်းလက္ခဏာသဘောကိုဆောင်လို့။ကိုယ်ဟာ တာဝန် မရှိတော့ဘူး။အရင်က နွမ်းနယ်ခဲ့သမျှ တွေ ကအဝေးမှာ။စိတ်ကလေးဟာ နုသစ် လတ်ဆတ်နေတယ်။ဒါဟာ ခပ်ပြင်းပြင်း အားစိုက်ခြင်းရဲ့ သည်ဘက်က လင်းလက်တဲ့ ချိုမြိန်ခြင်းတွေ……။
အလုပ်ပင်ပန်းခြင်းနဲ့ပြင်းစွာကြိုးစားအားထုတ်ခြင်းမှာကျော်ဖြတ် ရတာဟာ "ဒုက္ခ" တွေချည်းပါပဲ။ဒါပေမယ့် ထိုဒုက္ခရဲ့ နောက်ဖက် စာမျက်နှာတွေမှာအောင်မြင်ခြင်းနဲ ပေါ့ပါးလွတ်လပ် ခြင်းတို့ဟာနွေးထွေး လှိုက်လှဲစွာကြိုဆိုနေကြပါတယ်။
ဝတ်မှုံလေး

Post a Comment

0 Comments