ကပ်လှူထားသော ဂန္ဓမာ ပန်း ဖြူဖြူကဲ့သို့ ဂုဏ်ကျကိသရေ အပေါင်း နှင့် တင့်တယ်ကြပါစေ…။
ရေချမ်း ကဲ့သို့ အေးမြလန်းဆန်း ကြပါစေ …။
တစ်ယောက်နဲ့တစ်ယောက် မနာလိုခြင်း ကင်းကြပါစေ။ ဒေါသတွေ ကင်းဝေးကြပါစေ ။
ရန်ပွဲတွေ မရှိကြပါစေနဲ့။စစ်ပွဲတွေလည်း ရပ်တန့်ပါစေ။အထင်လွဲခြင်း အမြင်မတူခြင်းတွေလည်း ကင်းဝေးကြပါစေ။
အားလုံး ပျော်ရွှင် အေးချမ်းကာ ဝမ်းနည်း မှု ကင်းဝေးသော မနက်ခင်းလေး ဖြစ်ပါစေ။
ကံကောင်းခြင်းတွေသာ ရရှိကြပါစေ။
ကောင်းသော အတိတ်နိမိတ် ကောင်းသော ဂုဏ်သတင်း ကောင်းသော အခြင်းအရာတို့ဖြင့်သာ တွေ့ကြုံလျက် ကုသိုလ်ကောင်းမှုများစွာ ဖြင့် တစ်နေ့တာ ကို ခရီးဆက်နိုင်ကြပါစေ ။
ဝတ်မှုံလေး

Post a Comment

0 Comments