"ကာမ ရောဂါ ကိုယ်တွင်းနာကား ကုရာနတ္ထိ ဆေးမရှိဘူး မိမိပညာ သတိသာလျှင် မဟာသြသဓ ဆေးမည်စွရှင့် ……" တဲ့
လိုချင်တာလေး ရတော့လည်း နှစ်သက် စွဲလမ်းမြတ်နိုးတတ်ကြတယ် ။
ဝမ်းမြောက်တတ်ကြပါတယ်။ ရပြီးတဲ့အခါလည်း ဆားငန်ရေ သောက်မိသလို ငတ်မပြေတတ်ကြပြန်ပါဘူး ။ထပ်ထပိ လိုချင်ကြပြန်တယ်။
အလို ရမ္မက် ကြီးတဲ့သူတစ်ယောက်ကို မြေပြင်နဲ့အမျှ ပစ္စည်းဥစ္စာတွေ ပုံပေးစေဦး။သူကတော့ အလိုဆန္ဒ ပြည့်ဝမှာမဟုတ်ပါဘူး။စိတ်ဆန္ဒဆိုတာ ပညာဥာဏ် နဲ့ထိန်းချုပ်ရမယ့် အရာ ပါ။မထိန်းနိုင်ရင်တော့ ဒုက္ခပင်လယ်ထဲမှာ အလိုရမ္မက်တွေနဲ့ တဝဲလည်လည် ဖြစ်နေဦးမှာပါပဲ …။
မြွေရဲ့ ဦးခေါင်းဟာ ထိတာနဲ့ ပေါက်တတ်သလိုပါပဲ။အလိုရမ္မက်
တွေ ကာမဂုဏ်တွေ ဆိုတာ ထိတာနဲ့ ဒုက္ခ သောက တွေကို ဖြစ်စေတတ်တော့တာပါပဲ။
အသားတုံးကို ချီထားတဲ့စွန်တစ်ကောင်ဟာ ထိုအသားတုံးကို ချီထားသမျှ မြေပြင်က လူတွေရဲ့ နှိပ်စက်ညှဉ်းပန်း ခြောက်လှန့်ခြင်း ကို ခံရသလိုပါပဲ။ကာမဂုဏ်နဲ့အလိုရမ္မက်တွေ ကို မလွှတ်ချသမျှ ကိလေသာတွေရဲ့ နှိပ်စက်ညှဉ်းပန်း သမျှကို ခံနေကြရဦးမှာပါပဲ …။
တောင်ငူမြို့ တမာပင်ကျောင်းတိုက် ဆရာတော် အရှင်ကောဝိဒ ၏ သင်္ကြန် ၇ ရက် တရားစခန်းတွင် ဟောကြားတော်မူသော"ကာမဇာတ် တရားဒေသနာတော်" ကို နားလည် မှတ်မိသလို ပြန်လည် ရေးသားမျှဝေပါသည် ……။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ………။
ဝတ်မှုံလေး

Post a Comment

0 Comments